Trending Now

လာမည့်ရွေးကောက်ပွဲသည် မဲဆန္ဒရှင်များနှင့် နိုင်ငံရေးပါတီများ၏ ယုံကြည်မှုကို ပြန်လည်ရယူရမည့်ဘရွေးကောက်ပွဲဖြစ်ကာ သမိုင်းတင်ရမည့် ရွေးကောက်ပွဲဖြစ်ဟု UEC ဥက္ကဋ္ဌသစ်ပြော

Spread the love

လာမည့်ရွေးကောက်ပွဲသည် မဲဆန္ဒရှင်များနှင့် နိုင်ငံရေးပါတီများ၏ ယုံကြည်မှုကို ပြန်လည်ရယူရမည့်ဘရွေးကောက်ပွဲဖြစ်ကာ သမိုင်းတင်ရမည့် ရွေးကောက်ပွဲဖြစ်ဟု UEC ဥက္ကဋ္ဌသစ်ပြော

EPN
နေပြည်တော်၊ ဖေဖော်ဝါရီ ၆ (၂၀၂၄)

လာမည့်ရွေးကောက်ပွဲသည် မဲဆန္ဒရှင်များနှင့် နိုင်ငံရေးပါတီများ၏ ယုံကြည်မှုကို ပြန်လည်ရယူရမည့် ရွေးကောက်ပွဲဖြစ်ကာ သမိုင်းတင်ရမည့် ရွေးကောက်ပွဲဖြစ်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ဥက္ကဋ္ဌသစ် ဦးကိုကိုက ပြောသည်။

UEC ဥက္ကဋ္ဌသစ် ဦးကိုကိုမှ ယမန်နေ့ ဖေဖော်ဝါရီ ၅ ရက်၊ မွန်းလွဲ ၂ နာရီက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကော်မရှင်အဖွဲ့ဝင်များနှင့် ဝန်ထမ်းများအားတွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။

လာမည့်ရွေးကောက်ပွဲသည် သာမန်အထွေထွေရွေး‌ကောက်ပွဲနှင့် မတူဘဲ ၂၀၂၀ ပြည့်နှစ်တွင် အမည်ပျက်သိက္ခာကျခဲ့ရသော ရွေးကောက်ပွဲဂုဏ် သိက္ခာကို ပြန်လည်ဆယ်တင်သည့် ရွေးကောက်ပွဲ၊ မဲဆန္ဒရှင်များနှင့် နိုင်ငံရေးပါတီများ၏ ယုံကြည်မှုကိုပြန်လည်ရယူရမည့် ရွေးကောက်ပွဲဖြစ်ကာ သမိုင်းတင်ရမည့် ရွေးကောက်ပွဲဖြစ်သည်ဟု ပြောသည်။

၎င်းအပြင် ရပ်ကွက်နှင့် ကျေးရွာအုပ်စု၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး/ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများအပြင် အချိန်တန်သည့်အခါ အများယုံကြည်လေးစားသည့် ပုဂ္ဂိုလ်များကို စိစစ်ဖွဲ့စည်းရန်၊ လေ့ကျင့်ပညာပေးရန် လုပ်ဆောင်သွားရမည်ဟု မှာကြားခဲ့သည်။

ရွေးကောက်ပွဲ၏ အသက်သည် မဲစာရင်းဖြစ်၍ မဲစာရင်းမှန်ကန်ရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနထံမှ ပေးပို့လာသည့် ပုံစံ (၆၆/၆)ပါ စာရင်းများကို ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရရှိသည့် မြေပြင်စာရင်းနှင့်တိုက်ဆိုင်စစ်‌ဆေးပြီး ကွန်ပျူတာထည့်သွင်းခြင်းကို အမှားအယွင်းမရှိအောင် လုပ်ဆောင်ကြရမည်ဟု မှာကြားသည်။

ဆက်လက်ပြီး ဥပဒေ၊ နည်းဥပဒေများသည် မဲစာရင်းကဲ့သို့ အရေးကြီးကာ အတည်မပြုရသေးသည့် ဥပဒေများကို အမြန်ဆုံး အတည်ပြုနိုင်ရေးအတွက် နည်းဥပဒေများ ရေးဆွဲဆောင်ရွက်ရမည်ဟုလည်း မှာကြားခဲ့သည်။

ဥပဒေ၊ နည်းဥပဒေများ ထုတ်ပြန်ပြီးပါကလည်း ကော်မရှင်အဖွဲ့ခွဲများကို ဖြန့်ဝေခြင်း၊ ပါတီများအား ပေးပို့ခြင်း၊ မဲဆန္ဒရှင် ပြည်သူများကို လေ့လာနိုင်ရန် ဆောင်ရွက်ရမည်ဟု မှာကြားခဲ့ပြီး၊ ရွေးကောက်ပွဲဆိုသည်မှာ ကော်မရှင်၊ ပါ တီနှင့် မဲဆန္ဒရှင်တို့ အပြန်အလှန် ဆက်သွယ်ယှက်နွယ်နေသော အလုပ်ဖြစ်သည်ဟုလည်း UEC ဥက္ကဋ္ဌသစ် ဦးကိုကိုက ပြောကြားခဲ့သည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။