Trending Now

ကချင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒ နှင့် ရူပဗေဒဘာသာရပ် ဖြေဆိုမှုတွင် (၆၅၃၅) ဦး ဝင်ရောက်ဖြေဆို

Spread the love

ကချင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓာတုဗေဒ နှင့် ရူပဗေဒဘာသာရပ် ဖြေဆိုမှုတွင် (၆၅၃၅) ဦး ဝင်ရောက်ဖြေဆို

EPN
မြစ်ကြီးနား၊ မတ် ၁၄

ကချင်ပြည်နယ်အတွင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဓာတုဗေဒနှင့် ရူပဗေဒဘာသာရပ် ဖြေဆိုမှုတွင် ကျောင်းသား၊ ကျောင်းသူ (၆၅၃၅) ဦး ဝင်ရောက် ဖြေဆိုကြကြောင်း ကချင်ပြည်နယ် အခြေခံပညာဦးစီးဌာန၏ စာရင်းများအရ သိရသည်။

မတ်လ ၁၃ ရက်နေ့တွင် ကချင်ပြည်နယ် အတွင်းရှိ စာစစ်ဌာန ၃၂ ခု၌ ဓာတုဗေဒ ဘာသာရပ် အား ဖြေဆိုရန် စာရင်းပေး သွင်းထားသူ ကျောင်းသား (၂၅၈၉) ဦး၊ ကျောင်းသူ (၄၄၆၃) ဦး စုစုပေါင်း (၇၀၅၂) ဦးရှိသည့် အနက် လာရောက်ဖြေဆိုသူ ကျောင်းသား (၂၃၆၂)ဦး၊ ကျောင်းသူ (၄၁၇၃) ဦး၊ စုစုပေါင်း (၆၅၃၅) ဦးသာ လာရောက် ဖြေဆိုခဲ့သည့်အတွက် ပျက်ကွက်သူ ဦးရေ (၅၁၇)ဦး ရှိခဲ့ပြီး လာရောက်ဖြေဆိုသူ ၉၂ ဒဿမ ၆၇ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

အလားတူ မတ်လ ၁၄ ရက်နေ့တွင်လည်း ရူပဗေဒ ဘာသာရပ်တွင် စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ (၇၀၅၂)ဦး အနက် လာရောက်ဖြေဆိုသူ (၆၅၃၅) ရှိပြီး ဖြေဆိုသူ ကျား (၂၃၆၂)၊ မ (၄၁၇၃) စုစုပေါင်း (၆၅၃၅)ဦး ဖြေဆိုခဲပြီး ပျက်ကွက်သူ (၅၁၇)ဦး ရှိကြောင်း သိရသည်။

ကချင်ပြည်နယ် အတွင်း ၂၀၂၂-၂၃ ခုနှစ် ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုရန် လျှောက်လွှာတင်ထားသူ အတွင်း၊ အပြင် ကျောင်းသားကျောင်းသူ ကျား၊ မ စုစုပေါင်း (၁၀၃၂၇) ဦးရေ ရှိခဲ့ပြီး မတ်လ ၈ ရက်နေ့ မြန်မာစာဘာသာရပ်‌နေ့၌ စာမေးပွဲသို့ လာရောက်ဖြေဆိုသူ စုစုပေါင်း (၉၅၃၃)ဦး ရှိကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။