Trending Now

နိုင်ငံတကာ ရာဇာဝတ်တရားရုံး ICC အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ ဖိလစ်ပိုင် နှုတ်ထွက်

Spread the love

နိုင်ငံတကာ ရာဇာဝတ်တရားရုံး ICC အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ ဖိလစ်ပိုင် နှုတ်ထွက်

EPN
နိုင်ငံတကာ၊ မတ် ၁၈

ဖိလစ်ပိုင် နိုင်ငံဟာ နိုင်ငံတကာရာဇာဝတ် တရားရုံး ICC အဖွဲ့ဝင်နိုင်ငံအဖြစ်ကနေ ယမန်နေ့က တရားဝင်နုတ်ထွက်လိုက်တယ်လို့ အယ်ဂျာဇီယားသတင်းကဖော်ပြပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဆီ နုတ်ထွက်မယ့်အကြောင်းကြားစာပေးပို့ခဲ့တဲ့ သက်တမ်း တစ်နှစ်ပြည့်သွားပြီးနောက် ဖိလစ်ပိုင်ရဲ့ နိုင်ငံတကာ ရာဇာဝတ်တရားရုံးက နုတ်ထွက်မှုက တရားဝင်သွားခဲ့ပါတယ်။ 

မူးယစ်ဆေးဝါး စစ်ပွဲပြုလုပ်အတွက် ဖိလစ်ပိုင် သမ္မတ ဒူတာတေးကို နိုင်ငံတကာ ရာဇာဝတ်တရားရုံး တာဝန်ရှိသူတွေက ပြီးခဲ့တဲ့နှစ်က စတင်စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ဖိလစ်ပိုင် က အဲဒီ နိုင်ငံတကာရာဇာဝတ်တရားရုံး အဖွဲ့ဝင် နိုင်ငံအဖြစ်ကနေ ထွက်ဖို့ စီစဉ်ခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံတကာ ရာဇာဝတ်တရားရုံးက နုတ်ထွက်မှုဟာ မတ် ၁၇ ရက်က စတင် သက်ရောက်မှုရှိခဲ့တယ်လို့ ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ ကာနီကို က ဆိုပါတယ်။ 

ဖိလစ်ပိုင်နိုင်ငံမှာ ဒူတာတေး သမ္မတ အဖြစ်တာဝန်ယူပြီးနောက် မူးယစ်ဆေးဝါးဖြိုခွင်းမှုတွေ အရှိန်မြင့်လုပ်ခဲ့ရာ ၂၀၁၆ ဇူလိုင် လကနေ ၂၀၁၈ ခုနှစ် နိုဝင်ဘာလအထိ လူပေါင်း ၅၀၀၀ ကျော်သေဆုံးစေခဲ့တယ်လို့ လူအခွင့်ရေးအဖွဲ့တွေက စွပ်စွဲထားပါတယ်။ နိုင်ငံတကာ ရာဇာဝတ်တရားရုံး အနေနဲ့ အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့နိုင်ငံအပေါ် တရားစွဲ စုံစမ်းစစ်ဆေးခွင့်ရမှာ မဟုတ်ကြောင်းသိရပါတယ်။ ဖိလစ်ပိုင်နိုင်ငံကတော့ တရားရုံးအဖွဲ့ဝင်နိုင်ငံကနေ နုတ်ထွက်တာက စုံစမ်းစစ်ဆေးမှုတွေကို ဖြေလျှော့နိုင်ဖို့ ကြိုးပမ်းတာမဟုတ်ကြောင်း ဆိုပါတယ်။
———————————–


EPN





Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။