Trending Now

Mtube platform တွင် ညစ်ညမ်းရုပ်သံပြသခဲ့သည့် ကိစ္စ လုပ်ကြံဖန်တီးထားခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

Spread the love

Mtube platform တွင် ညစ်ညမ်းရုပ်သံပြသခဲ့သည့် ကိစ္စ လုပ်ကြံဖန်တီးထားခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

EPN ၊
စက်တင်ဘာ ၁၇

လူမှုကွန်ယက်မှာ ပြန့်နေသည့် Mtube platform နှင့် ပတ်သက်သည့် သတင်းကိစ္စများမှာ လုပ်ကြံဖန်တီးထားခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။

Mtube platform တွင် စက်တင်ဘာ ၁၅ ရက်ညပိုင်းနှင့်စက်တင်ဘာ ၁၆ ရက်နံနက်ပိုင်း တို့တွင် ညစ်ညမ်းရုပ်သံတိုများပြသခဲ့သည်ဟု ရေးသားဖြန့်ဝေနေခြင်းမှာ လုပ်ကြံ ဖန်တီးထားခြင်းဖြစ်ကာ လက်ရှိတွင် စမ်းသပ်လုပ် ဆောင်ဆဲ အဆင့်တွင်သာရှိနေပြီး အမှန်တကယ်အသုံးပြုထုတ်လွှင့်မည့်အချိန်အား အသိပေးထုတ်ပြန်ပေးသွားမှာဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားထားသည်။

လူမှုကွန်ယက်စာမျက်နှာများ တွင် ပြန့်နေသည် Mtube platform တွင် ညစ်ညမ်း ရုပ်သံတိုများအား “မူလတန်းကြိုဆရာဖြစ်သင်တန်းအတွက် ကျောင်းသားသစ်များ အားကြိုဆို” ဟုသည့် သတင်းခေါင်းစဉ်အောက်တွင် ပြသထားခြင်းဖြစ်ကြောင်း လူမှုကွန်ရက်ပေါ်တွင် ပြန့်နှံနေခြင်းဖြစ်သည်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။