Trending Now

မြစ်ကြီးနား နည်းပညာတက္ကသိုလ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပ

Spread the love

မြစ်ကြီးနား နည်းပညာတက္ကသိုလ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကျင်းပ
EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၂၇
မြစ်ကြီးနားမြို့၊ နည်းပညာတက္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် မောင်မယ်သစ်လွင် ကြိုဆိုပွဲကို ယနေ့ ဇန်နဝါရီ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား စတင်ဖွင့်လှစ်ချိန်တွင် နည်းပညာတက္ကသိုလ် (မြစ်ကြီးနား)၊ ဒုတိယပါမောက္ခချုပ် ကိုယ်စား ဆရာ ဦးမျိုးမြင့်မှ မောင်မယ်သစ်လွင်ကြိုဆိုပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းတင်ပြပြောကြားခဲ့သည်။
ယင်းနောက်တွင် ပထမနှစ်ကျောင်းသား/သူများကိုယ်စား ကျောင်းသားတစ်ဦး မှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး၊ တာဝန်ရှိသူများက ၂၀၂၂-၂ဝ၂၃ ပညာသင်နှစ်၊ ပထမဆုရ ကျောင်းသား/သူများအား ဆုချီးမြင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဖျော်ဖြေရေးအစီအစဉ်များဖြစ်သော အကပဒေသာများ၊ သီချင်းဖျော်ဖြေတင်ဆက်ခြင်းများ ပြုလုပ်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။