Trending Now

အင်ဒိုနီးရှား၌ တရားမဝင် ရွှေတွင်း၌ မြေပြိုမှုဖြစ်ပွားရာ ငါးဦးသေ၊ တစ်ဦး ပျောက်ဆုံး

Spread the love

အင်ဒိုနီးရှား၌ တရားမဝင် ရွှေတွင်း၌ မြေပြိုမှုဖြစ်ပွားရာ ငါးဦးသေ၊ တစ်ဦး ပျောက်ဆုံး

EPN
နိုင်ငံတကာ၊ ဇွန် ၂

အင်ဒိုနီးရှားနိုင်ငံ၊ တောင်ကာလီမန်တန်ပြည်နယ်၊ ကိုတာဘာရူးဒေသ ဘူလူကူနင်းကျေးရွာရှိ တရားမဝင် ရွှေတွင်းတစ်ခု၌ ယမန်နေ့နံနက်ပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့ရာ လူငါးဦး သေဆုံးခဲ့ပြီး တစ်ဉီး ပျောက်ဆုံးခဲ့ကြောင်း ပြည်နယ် ဘေးအန္တရာယ်လျှော့ချရေးအေဂျင်စီ အကြီးအကဲ ရူစီယန်အာမာဒီဂျာယာက ပြောကြားသည်။

“တစ်ရက်အတွင်း မြေပြိုကျရာနေရာမှာ ရှာဖွေမှုနဲ့ တူးဖော်မှုပြုလုပ်ပြီးနောက် တွေ့ရှိခဲ့တဲ့ သေဆုံးသူ အရေအတွက် စုစုပေါင်းက ငါးဦးဖြစ်ပါတယ်။ တစ်ဦးကို ရှာဖွေနေဆဲဖြစ်ပါတယ်” ဟု ၎င်းအား ကိုးကား၍ အွန် လိုင်းသတင်းဌာနတစ်ခုက ဖော်ပြခဲ့သည်။

အခင်းဖြစ်ရာနေရာမှ တောင်ကုန်းထူထပ်ခြင်းကြောင့် သေဆုံးသူများ ရှာဖွေမှုပြုလုပ်ရာတွင် အခက်အခဲ ရှိကြောင်း ဂျာယာက ပြောသည်။ ဆက်သွယ်ရေးလမ်းကြောင်းများမရှိသလို သေဆုံးသူတစ်ဦးကို ရွှေ့ပြောင်းရာ တွင် ခြောက်နာရီကြာသည်ဟု သူက ဆိုသည်။

အခင်းဖြစ်ရာနေရာမှာ ကျွမ်းကျင်မှုမရှိသလို ခေတ်မီ တူးဖော်ရေးကိရိယာများ မပိုင်ဆိုင်သူများ တရားမ ဝင် ရွှေရှာဖွေရန် ဆွဲဆောင်သည့်နေရာအဖြစ် ထင်ရှားကြောင်း ဂျာယာက ပြောသည်။

ယခုသေဆုံးမှုမှာ ပထမဆုံးအကြိမ် မဟုတ်သောကြောင့် ထိုဒေသတွင် ရွှေတူ ဖော်သူများကင်းစင်ရေး လုပ်ဆောင်ရန် ၎င်းက ဒေသန္တရအစိုးရများကို တိုက်တွန်းခဲ့သည်။

“နောက်ထပ် ဒီလိုမျိုးဖြစ်ရပ်တွေ ထပ်မဖြစ်ရအောင် တရားမဝင် ရွှေတွင်းတွေကို ပိတ်ပစ်ရမှာဖြစ်ပါ တယ်” ဟု သူက ထောက်ပြခဲ့သည်။

–ကိုးကား–
ဆင်ဟွာ
Ref; 5 dead, 1 missing in landslides at illegal gold mining site in Indonesia’s Kalimantan


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။