Trending Now

ဧရာဝတီတိုင်းတွင် ကိုဗစ်-ကာကွယ်ဆေးထိုးထားသူ အပါအဝင် လူဦးရေ ၄၀ ကျော်ကိုဗစ်ရောဂါကူးစက်ခံရ

Spread the love

ဧရာဝတီတိုင်းတွင် ကိုဗစ်-ကာကွယ်ဆေးထိုးထားသူ အပါအဝင် လူဦးရေ ၄၀ ကျော်ကိုဗစ်ရောဂါကူးစက်ခံရ

EPN
ပုသိမ် ၊ စက်တင်ဘာ ၁၄

ဧရာဝတီတိုင်းတွင် COVID-19 ရောဂါကာကွယ်ဆေး ထိုးထားသူ ၃ ဦးအပါအဝင် စက်တင်ဘာ ၃ ရက်မှ
စက်တင်ဘာ ၁၃ ရက်အထိ ၁၀ ရက်အတွင်း COVID-19 ရောဂါကူးစက်ခံရသူ အတည်ပြုလူနာသစ် ၄၁ဦးတွေ့ရှိခဲ့ကြောင်းစေတနာ့ဝန်ထမ်းများထံမှသိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်မှ ယမန့်နေ့အထိ ၁၀ ရက် အတွင်း COVID-19 ရောဂါကာကွယ်ဆေးထိုးထားသူ
၃ ဦးပါအဝင် ၄၁ ဦး COVID-19 ရောဂါပိုးတွေ့ရှိခဲ့ပြီး
ယင်း တည်ပြုလူနာ ၄၁ ဦးမှာ လူငယ်ကြီးပိုင်းနှင့်လူလတ် ပိုင်း အရွယ်များဖြစ်ပြီး မူလရောဂါအခံရှိသူ ၂၅ ဦးပါဝင်
ကြောင်းသိရသည်။

“ပြီးခဲ့တဲ့ရက် ယခုလဆန်းကနေ စတင်ပြီး ကိုဗစ်ရောဂါက တစ်ကျော့ပြန် ပြန်ပြီးဖြစ်ပွားလာတာ ၊ လက်ရှိ ၁၀ ရက်အတွင်း လူအယောက် ၄၀ ကျော်အထိ ရှိလာတယ်၊ ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့သူတွေ လည်းရောဂါကူးစက်ခံရတဲ့အထဲပါတယ် ၊ မေ့လောက်တဲ့ အခြေအနေထိ ငြိမ်သွားပြီးမှ စိတ်ပူစရာတွေဖြစ်လာတယ် ၊ အားလုံးသတိနဲ့နေဖို့ ပြောချင်တယ်။”ဟု ဧရာဝတီတိုင်းမှ
စေတနာ့ဝန်ထမ်းတစ်ဦးကပြောသည်။

လက်ရှိ COVID-19 ရောဂါကူးစက်ခံရသည့်အတည်ပြု လူနာများသည် ပုသိမ် ၊ မအူပင် ၊ ဟင်္သာတ ၊ငပုတော၊
မော်လမြိုင်ကျွန်းစသည့်မြို့နယ်များမှဖြစ်ပြီးCOVID-19 ယခုကဲ့သို့ နိုင်ငံရေး ၊ စီးပွားရေး ကျပ်တည်းနေသည့်အချိန်
ရောဂါကူးစက်မှုများ တစ်ကျော့ပြန်ဖြစ်ပွားလာသဖြင့် ဒေသခံများမှာစိုးရိမ်မှုမြင့်တက်နေကြောင်းသိရသည်။
“ဧရာဝတီတိုင်းမှာ ရောဂါကူးစက်ခံရတာတွေ ခပ်စိပ်စိပ်ကူးစက်လာတဲ့အခြေအနေရောက်လာတာ စိုးရိမ်စရာပဲ၊ ဒီလိုနိုင်ငံရေး ၊ စီးပွားရေးနဲ့ အစစ အရာရာအဆင်မပြေတဲ့ ကာလမှာရောဂါပိုးကူးစက်ခံရ တာတွေပြင်းထန်လာရင် မနိုင် မနင်းတွေ ဖြစ်ကုန်မှာသေချောတယ် ၊ ကျောင်း တက်နေတဲ့ ကလေးတွေအတွက်လည်းစိုးရိမ်တယ် ၊ပရဟိတ သမားတွေကလည်းမပြည့်စုံဘူးဖြစ်နေတဲ့အချိန်လေ။”ဟု
ဧရာဝတီတိုင်းမှ ပြင်ပဆရာဝန်တစ်ဦးကပြောသည်။

ပြီးခဲ့သည့်နှစ်များတွင် COVID-19 ရောဂါကူးစက်မှုများ ဖြစ်ပွားခဲ့သည့်အချိန်က ဧရာဝတီတိုင်းဒေသကြီးတွင် လူဦးရေတစ်သိန်းကျော်အထိ COVID-19 ရောဂါကူး စက်ခံခဲ့ရပြီး လူဦးရေ ၁၃၀၀ ကျော်မှ COVID-19ရောဂါ ဖြင့်သေဆုံးခဲ့ရကြောင်း သိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။