Trending Now

ငှက်ပျောတောကြိုးတံတားအနီး ခိုက်ရန်ဖြစ်ပွားမှုကြောင့် လူလေးဦး ဆေးရုံသို့ ရောက်ရှိ၊ တစ်ဦး စိုးရိမ်ရ

Spread the love

ငှက်ပျောတောကြိုးတံတားအနီး ခိုက်ရန်ဖြစ်ပွားမှုကြောင့် လူလေးဦး ဆေးရုံသို့ ရောက်ရှိ၊ တစ်ဦး စိုးရိမ်ရ

EPN
ဖားကန့်၊ ဇွန် ၁၅

ဖားကန့်မြို့နယ်၊ ငှက်ပျောတောရပ်ကွက်၊ ကြိုးတံတားအနီးတွင် ယမန်နေ့ ဇွန် ၁၄ ရက်၊ ည၁၀ နာရီခန့်ခွဲ အချိန်ခန့်တွင် ခိုက်ရန်ဖြစ်ပွားမှုကြောင့် လူ (၄) ဦး ဒဏ်ရာများ ရရှိကာ ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက် ကုသမှုခံယူနေရကြောင်း ဖားကန့်မြို့မရဲစခန်းက သိရသည်။

လက်ရှိ ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူနေသူများမှ (၁) ဦးဆန်းဝင်း၊ (၂) ဦးမော်လွင်၊ (၃) ဦးအောင်အောင်၊ (၄) ဦးကျော်စွာဖြိုး တို့ဖြစ်ကြောင်း သိရပြီး အဆိုပါ ခိုက်ရန်ဖြစ်ပွား ရာသို့ ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့နှင့် ငှက်ပျောတော ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များမှ သွားရောက် စစ်ဆေးခဲ့ကြရာ စစ်ဆေးပေါ်ပေါက်ချက်အရ ဇွန်လ ၁၄ ရက်နေ့၊ ည ၁၀နာရီ ၁၀ မိနစ်အချိန်ခန့်တွင် အဆိုပါ ဦးဆန်းဝင်း အပါအဝင် လူ(၄)ဦးတို့သည် ဖားကန့်မြို့၊ ငှက်ပျောတော ကြိုးတံတားအနီး တွင် လင်ခရူဇာ(၁)စီး၊ ဆိုင်ကယ် (၂)စီး လူ(၁၀) ဦးခန့် ပါဝင်သော အဖွဲ့ (စုံစမ်းဖော်ထုတ်ဆဲ)နှင့် စကားများရန်ဖြစ်ကြပြီး ခိုက်ရန် ဖြစ်ပွားကြရာ မှ ဦးဆန်းဝင်းဆိုသူမှ ကားဖြင့်တိုက်ခံခဲ့ရပြီး၊ ကျန်သူ(၃)ဦးမှာလည်း ခိုက်ရန်ဖြစ်ပွားမှုကြောင့် ဒဏ်ရာများ အသီးသီး ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ဦးဆန်းဝင်း၊ (ဘ) ဦးထွန်းရွှေ၊ (၄၅)နှစ်၊ ရေမဆေးကျောက်ရှာသူတွင် ကားတိုက်ခံရသည့် ဒဏ်ရာ၊ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ရရှိခဲ့သည့် ဒဏ်ရာများဖြင့် အတွင်းလူနာအဖြစ် (စိုးရိမ်ရ) အခြေအနေဖြင့် ဆေးရုံ တက်ရောက်မှု ခံယူနေရသည်။

ထို့အပြင် ဦးမော်လွင်၊ (ဘ) ဦးချစ်အုန်း၊ ရေမဆေးကျောက်ရှာသူ၊ ငှက်ပျောတော ရပ်ကွက်နေထိုင်သူ၊ ဦးအောင်အောင်၊ (ဘ) ဦးဆန်းအောင်၊ (၄၂)နှစ်၊ ရေမဆေးကျောက်ရှာသူ၊ ငှက်ပျောတော ရပ်ကွက် နေထိုင်သူနှင့် ဦးကျော်စွာဖြိုး၊ (ဘ) ဦးကျော်ဟိန်း၊ (၂၉)နှစ်၊ ရေမဆေးကျောက်ရှာသူ၊ ငှက်ပျောတော ရပ်ကွက် နေထိုင်သူတို့ (၃) ဦးသည်လည်း ခိုက်ရန်ဖြစ်ပွားမှုကြောင့် ရရှိဒဏ်ရာ(မစိုးရိမ်ရ) အခြေအနေဖြင့် ဆေးရုံတွင် တက်ရောက်ကုသမှု ခံယူလျှက်ရှိကြောင်း သိရသည်။

ယင်းခိုက်ရန်ဖြစ်ပွားမှုနှင့် ပတ်သက်၍ ထွက်ပြေးတိမ်းရှောင်နေသည့် လူ(၁၀)ဦးခန့် ပါဝင်သည့် အဖွဲ့အား ဖားကန့်မြို့မရဲစခန်းနှင့် တာဝန်ရှိသူများ မှ စုံစမ်းဖော်ထုတ်လျှက်ရှိပြီး ဥပဒေအရ အရေးယူနိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

နောနော်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။