Trending Now

ကိုဗစ်ကာလ၌ ကျောင်းများဖွင့်လျှင် ကျောင်းခန်းများနှင့် ကျောင်းသုံးပရိဘောဂများ အခက်အခဲရှိလာနိုင်ဟုဆို

Spread the love

ကိုဗစ်ကာလ၌ ကျောင်းများဖွင့်လျှင် ကျောင်းခန်းများနှင့် ကျောင်းသုံးပရိဘောဂများ အခက်အခဲရှိလာနိုင်ဟုဆို

EPN
မြစ်ကြီးနား၊ မေ ၁၈

ကိုဗစ်နိုင်တင်းထိန်းချုပ်ကာလ၌ အခြေခံပညာရေးကျောင်းများ ပြန်လည်ဖွင့်လျှင် ကချင်ပြည် နယ် အတွင်းတွင် ကျောင်းခန်းများနှင့် ကျောင်းခန်းသုံးပရိဘောဂများမှာ အခက်အခဲရှိလာနိုင်
ကြောင်း ကချင်ပြည်နယ် ပြည်နယ် ပညာရေးမှုူးရုံးမှ သိရသည်။

ကချင်ပြည်နယ်အတွင်းရှိ ကျောင်းများမှာ ကျောင်းခန်းလုံလောက်မှုမရှိခြင်းနှင့် ကျောင်းခန်း သုံးပရိဘောဂများ အခက်အခဲမရှိဘဲ ကျောင်းသားကျောင်းသူများ ပညာသင်ကြားနိုင်ရန် တွက် သက်ရာဆိုရာ မြို့နယ်ပညာရေးမှူးများကိုဖုန်းဆက်ပြီး ညွှန်ကြားထားကြောင်း ကချင်ပြည်နယ် ပညာရေးမှူး ဒေါ်ခင်သန်းနွဲ့ က ပြောသည်။

“ကျောင်းကတစ်ကျောင်းနဲ့တစ်ကျောင်းတော့မတူနိုင်ဘူးလေ။ ကျောင်းသားများတဲ့ ကျောင်းမှာက ဘာအခက်အခဲ ရှိနိုင်သလဲဆိုတော့ နံပါတ်(၁) ကျေင်းသုံးပရိဘောဂပေါ့။ ကျောင်းသားကတစ်ဦးနဲ့ တစ်ဦးသုံးပေ၊ ခြောက်ပေအ ကွာမှာ ထိုင်ရမယ်ဆိုတော့ ပရဘောဂတွေလိုလာမယ်။ နောက်တစ်ခုက စာသင်ခန်းတွေကွက်တိရှိတဲ့ ကျောင်းတွေ မှာ စာသင်ခန်းတွေချဲ့ဖို့ ခက်လာမယ်။ နောက်ပြီး ဆရာဦး ရေ ခက်ခဲလာနိုင်တယ်။ နောက်လေးချက်က လက် ဆေးတဲ့စနစ်ကို ကျောင်းတိုင်းမှာ သုံးလာမှာဖြစ်တဲ့အတွက် ရေရရှိဖို့ အခက်အခဲတွေဖြစ် လာနိုင်တယ်” ဟု ကချင်ပြည်နယ်ပညာရေးမှူး ဒေါ်ခင်သန်းနွဲ့ က ပြောသည်။

လက်ရှိ အချိန်မှာတော့ ကျောင်းသား၊ ကျောင်းသူများသည့် မြို့ပေါ်ကျောင်းများမှာလည်း ဘယ်လိုပုံစံဖြင့် ပညာသင်ကြားပေးသွားမည် ကို အတိအကျ ညွှန်ကြားချက် ထုတ်ပြန်ထားခြင်းမရှိသေးကြောင်းသိရသည်။

အကယ်၍ ကျောင်းများဖွင့်လှစ်သွားပါက ကျောင်းတွင်းမှာ ကျောင်းသား၊ ကျောင်းသူများ ကို သေချာစနစ်တကျ ကြပ်မတ်ပေးစေလို ကြောင်း ကျောင်းသားမိဘတစ်ဦးဖြစ်သူ မြစ်ကြီး နားမြို့ တပ်ကုန်းရပ်ကွက်နေ ဒေါ်ခွန်တောင် ကပြောသည်။

“အခုလို ကျောင်းပြန်ဖွင့်မယ်ဆိုတော့ ကလေးတွေ ပညာရေးအတွက်ကောင်းတာပေါ့။ ဒါမယ့်အခုလို ရောဂါဖြစ်နေတဲ့ချိန်မှာ ကလေးတွေကို ဆရာ/ဆရာမတွေအနေနဲ့ အကောင်းဆုံး ကြပ်မတ်ပေးရင်တော့ ပိုကောင်းတာပေါ့။ ဒီရောဂါက တစ်ယောက်ကူးပြီဆိုရင် အားလုံးကူးသွားနိုင်တဲ့ ရောဂါဖြစ်တယ်” ဟု ဒေါ်ခွန်တောင်က ပြောသည်။

လက်ရှိကချင်ပြည်နယ်အတွင်း အခြေခံပညာရေးကျောင်း များဖြစ်သည့် မူလတန်းကျောင်း၊ မူလွန်ကျောင်း၊ အလယ်တန်းကျောင်း နှင့် အထက်တန်းကျောင်းများစုစုပေါင်း ၁၅၅၈ကျောင်းရှိကြောင်း ကချင်ပြည်နယ် ပညာရေးမှူးရုံးမှ သိရသည်။

၂၀၁၉-၂၀၂၀ပညာသင်နှစ်မှာ ဖြေဆိုထားသည့် ကျောင်းသားကျောင်းသူများ၏ အောင်စာရင်းများကိုလည်း Saty at Home ကာလပြီးသွားလျှင် တစ်ပတ်အတွင်းဖြေလွာများကို အပြီးစီစစ်ပြီး အောင်စာ ရင်းများထွက်ပေးသွား မှာ ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းဖြေလွှာများကိုလည်း လာမည့်လဆန်းပိုင်တွင် စီစစ်နိုင်မည် ဟု ပြည် နယ်ကျန်းမာရေးမှူးရုံးမှ သိရသည်။

ချမ်းမြူး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။