Trending Now

သက်ဆင်ထောင်ကလွတ်ရင် အစိုးရအဖွဲ့ထဲမှာ ပါဝင်လာနိုင်ကြောင်း ဝန်ကြီးချုပ်ဆရက်ထာပြော

Spread the love

သက်ဆင်ထောင်ကလွတ်ရင် အစိုးရအဖွဲ့ထဲမှာ ပါဝင်လာနိုင်ကြောင်း ဝန်ကြီးချုပ်ဆရက်ထာပြော

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂၂

ဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ်ထရာ အကျဉ်းထောင်ကလွတ်မြောက်လာတာနဲ့ အစိုးရအဖွဲ့ထဲမှာ နေရာ တစ်နေရာပါဝင်လာနိုင်ဖွယ်ရှိကြောင်း ထိုင်းဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်က ပြောကြားလိုက်ရာ ထိုင်းဝန်ကြီး ချုပ်ဟောင်းဟာ နိုင်ငံရေးလောကမှာ ဆက်လက်လွှမ်းမိုးလာနိုင်တယ်ဆိုတဲ့ အရိပ်လက္ခဏာဖြစ်ကြောင်း ဘန် ကောက်ပို့စ်က ရေးသားဖော်ပြထားပါတယ်။

“ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူတွေကို ထောက်ပံ့ကူညီဖို့ သူ့မှာ တန်ဖိုးရှိတဲ့အရည်အချင်းတွေရှိတယ်လို့ ကျွန် တော်ယုံကြည်ပါတယ်။” လို့ ကုလသမဂ္ဂအထွေထွေညီလာခံတက်ရောက်နေစဉ် နယူးယောက်မြို့မှာ ဘလုမ်း ဘာ့ဂျ်ရုပ်သံဌာနက ဟက်ဆလင်ဒါအေမင်နဲ့ အင်တာဗျူးနေတုန်း ဆရက်ထာက ပြောပါတယ်။

စစ်တပ်လွှမ်းမိုးကြီးစိုးထားတဲ့အစိုးရတစ်ရပ်အုပ်ချုပ်နေတဲ့ ဆယ်စုနှစ်တစ်ခုနီးပါးကာလအတွင်းမှာ ဖွံ့ဖြိုးတိုး တက်မှုနှေးကွေးခဲ့ဲတဲ့ နိုင်ငံ့စီးပွားရေး ပြန်လည်ကောင်းမွန်လာအောင် ဝန်ကြီးချုပ်သစ်က ကြိုးပမ်းဆောင်ရွက် နေတာဖြစ်ပါတယ်။

“ထိုင်းနိုင်ငံရေးလောကမှာ သူဟာ အကျော်ကြားဆုံးဝန်ကြီးချုပ်ဖြစ်ခဲ့သလို လက်ရှိလည်းဖြစ်နေဆဲပါပဲ။” လို့ လက်ရှိအချိန်မှာ ဖီယူထိုင်းပါတီရဲ့ အဓိကမဟာဗျူဟာမြောက်တွေးခေါ်မြော်မြင်တတ်သူအဖြစ် ယူဆထားတဲ့ သက်ဆင်အကြောင်းကို ဆရက်ထာက ပြောပါတယ်။

“သူလွတ်မြောက်လာတဲ့အချိန်မှာ သူ့ဆီကအကြံဉာဏ်တွေနဲ့ တခြားဝန်ကြီးချုပ်တွေဆီက အကြံဉာဏ်တွေ မယူရလောက်အောင် ကျွန်တော်မိုက်မဲမှာမဟုတ်ဘူးဆိုတာ သေချာပါတယ်။” လို့ ၎င်းက ပြောပါတယ်။

သက်ဆင်ဟာ ပြည်ပနိုင်ငံတွေမှာ ၁၅ နှစ်ကျော်နေထိုင်ခဲ့ပြီးနောက် အခုနှစ် သြဂုတ်လ ၂၂ ရက်နေ့မှာ ထိုင်း နိုင်ငံကိုပြန်လည်ရောက်ရှိလာပါတယ်။

ထိုင်းတရားရုံးက သက်ဆင်ကိုထောင်ဒဏ် ၈ နှစ်ချမှတ်ခဲ့ရာမှာ ထိုင်းဘုရင်မင်းမြတ်ရဲ့ သက်ညှာခွင့်နဲ့ ပြစ်ဒဏ် ၁ နှစ်သာကျခံရမှာဖြစ်တဲ့အပြင် လက်ရှိအချိန်မှာ သက်ဆင်ဟာ အကျဉ်းထောင်ဆေးရုံကနေ ထိုင်းရဲတပ်ဖွဲ့ အ ထွေထွေဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေပါတယ်။

မစ္စတာဆရက်ထာဟာ ၎င်းရဲ့ပထမဦးဆုံးပြည်ပခရီးစဉ်အဖြစ် ၇၈ ကြိမ်မြောက် ကုသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်နေတာဖြစ်ပြီး သောကြာနေ့ (စက်တင်ဘာလ ၂၂ ရက်နေ့) ထိုင်းစံတော်ချိန်ညပိုင်းမှာ အထွေထွေ ညီလာခံမှာ မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။

အိမ်ခြံမြေလုပ်ငန်းရှင်ကြီးအဖြစ် ပုဂ္ဂလိကအခန်းကဏ္ဍမှာ နှစ်ပေါင်း ၃၀ ကျော်လုပ်ကိုင်ခဲ့တဲ့ မစ္စတာဆရက်ထာ ဟာ ဘလုမ်းဘာ့ဂျ်နဲ့ အင်တာဗျူးစဉ်မှာ ၎င်းရဲ့နိုင်ငံရေးလောက အတွေ့အကြုံနည်းပါးမှုကို ဝန်ခံပြောကြားခဲ့ပါ တယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့အစိုးရဟောင်းလက်ထက်က စစ်တပ်နဲ့ဆက်နွယ်တဲ့ပါတီတွေအပါအဝင် ထိန်းချုပ်ကိုင်တွယ်ရ ခက်ခဲတဲ့ ၁၁ ပါတီညွန့်ပေါင်းအစိုးရ ကြာရှည်ခိုင်မြဲမှုကို စိုးရိမ်စိတ်ရှိပါသလားဆိုတဲ့မေးခွန်းကိုတော့ ဆရက်ထာ က ပယ်ချခဲ့ပါတယ်။

“လက်ရှိအစိုးရဟာ အလွန်တည်ငြိမ်တဲ့အစိုးရတစ်ရပ်ဖြစ်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

ဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ အစိုးရအဖွဲ့ထဲမှာ ဘယ်လိုအခန်းကဏ္ဍက ပါဝင်မှာလဲဆိုတဲ့အပိုင်းနဲ့ပတ်သက် ပြီး မေးမြန်းတဲ့အခါ “အခြေအနေပေါ်ကြည့်ပြီး ဆောင်ရွက်သွားပါလိမ့်မယ်။” လို့ ဆရက်ထာက ပြောပါတယ်။

Ref: Srettha: Thaksin could have role after release

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။