Trending Now

မံရွတ်ကျေးရွာ ရေဆန်ကျွန်းနက် အောင် ကျော်ဇေယျ မြသိန်းတန်ဘုရား (၂၃)ကြိမ် မြောက်ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် (၃၇) ကြိမ်မြောက် နာဂလှိုဏ်ဂူဆရာတော် အောက်မေ့ပူဇော်ပွဲ ကျင်းပ

Spread the love

မံရွတ်ကျေးရွာ ရေဆန်ကျွန်းနက် အောင် ကျော်ဇေယျ မြသိန်းတန်ဘုရား (၂၃)ကြိမ် မြောက်ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် (၃၇) ကြိမ်မြောက် နာဂလှိုဏ်ဂူဆရာတော် အောက်မေ့ပူဇော်ပွဲ ကျင်းပ

EPN
ဗန်းမော်၊ ဖေဖော်ဝါရီ ၁၂ ( ၂၀၂၄)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ မံရွတ်ကျေးရွာ ရေဆန်ကျွန်းနက် အောင်ကျော် ဇေယျ မြသိန်းတန်ဘုရား၏ (၂၃)ကြိမ် မြောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် (၃၇)ကြိမ်မြောက် နာဂလှိုဏ်ဂူဆရာတော်အား အောက်မေ့ပူဇော်ပွဲကို ဖေဖေါ်ဝါရီ (၁၁ )ရက် မနက်ပိုင်းက အဆိုပါ ဘုရား၌ ကျင်းပခဲ့ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။

ရှေးဦးစွာ နံနက် ၇နာရီတွင် ဘုရားရင်ပြင်၌ ကုသိုလ်ရှင်များက သံဃာတော် အရှင်သူမြတ်များအား ဆွမ်းဆန်စိမ်း‌ လောင်းလှူခဲ့ကြပြီး၊ နံနက် ၈ နာရီ  ၃၅မိနစ်တွင် ဗန်းမော်မြို့၊ မင်းကုန်းရပ်ကွက်ရှိ ဒေါ်သန်းသန်းဝင်း နေအိမ်မှ နာဂလှိုဏ်ဂူ အဘိုး (ကလေးဝ)ဆရာတော်ရုပ်တုအား ကားဖြင့် မံရွတ်ကျေးရွာသို့ ပင့်ဆောင်ခဲ့ကြကြောင်း သိရသည်။

မံရွတ်ကျေးရွာသို့ ရောက်ရှိသည့်အခါ ဂေါပကများ၊ ပြည်သူများကသောင်းသောင်းဖြဖြ ကြိုဆိုခဲ့ကြပြီး၊ အလှူ‌ငွေများ လှူဒါန်းခဲ့ကြသည်။

ဆက်လက်ပြီး  အောင်ကျော်ဇေယျ မြသိန်းတန်ဘုရား ဓမ္မာရုံ၌ ရေစက်ချ မင်္ဂလာတရားပွဲ အခမ်းအနား ကျင်းပခဲ့ရာ ဧည့်ပရိတ်သတ်များက ရတနာသုံးပါးကို ရှိခိုးကန်တော့၍ ဗ‌န်း‌မော်‌ ဇေယျသုခ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေသရထံမှ ငါးပါးသီလကို ခံယူဆောက်တည်ခဲ့ကြပြီး သံဃာတော်အရှင်သူမြတ်များက အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့က သည်။

ယင်းနောက် လုံဂျာတောင် ကော်မတီ Groupနှင့် ကုသိုလ်ရှင်များက သံဃာတော်အရှင်သူမြတ်များအား ဝတ္ထုငွေများ လှူဒါန်းခဲ့ကြကာ ဗ‌န်း‌မော်‌ ဇေယျသုခကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေသရထံမှ ရေစက်ချ အနုမောဒနာတရားများ နာယူကြည်ညိုခဲ့ကြပြီး၊ သံဃာတော်အရှင်သူမြတ်များကို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အဆိုပါပွဲ ဖြစ်မြောက်အောင်မြင်ရေးအတွက် ဆရာကြီး ဦးတိုးရွှေ မိသားစု (အမေရိကန်)မှ ငွေကျပ် (၃၅)သိန်း၊ ဗန်းမော်မြို့၊ မင်းကုန်းရပ်နေ ဦးသိန်းသန်းဝင်း (ခ) ကိုစီ+ဒေါ်သန်းသန်းဝင်း မိသားစုမှ ငွေကျပ်(၁၅)သိန်း၊ ဗန်းမော်မြို့ လုံဂျာတောင် ကော်မတီ Groupမှ ငွေကျပ် (၅)သိန်းနှင့် ကုသိုလ်ရှင်များမှ လှူဒါန်းငွေများ စုစုပေါင်း ငွေကျပ် သိန်း ၉၀  ရရှိခဲ့ကြောင်း သိရသည်။

 


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။