Trending Now

ဆီေဘာက္ဆာယာဥ္နွင့္ ဆိုင္ကယ္ မ်က္ႏွာခ်င္းဆိုင္တိုက္မိ၍ လူတစ္ဦးေသဆံုး

Spread the love

 
ဆီေဘာက္ဆာယာဥ္နွင့္ ဆိုင္ကယ္ မ်က္ႏွာခ်င္းဆိုင္တိုက္မိ၍ လူတစ္ဦးေသဆံုး

EPN
လံုးခင္း၊ ဧၿပီ ၂၆

ဖားကန္႔-လံုးခင္း ကားလမ္းမႀကီးေပၚ ေမွာ္စီစာေက်းရြာအနီးတြင္ ယေန႔ဧၿပီလ(၂၆)ရက္ နံနက္ ၁၁း၃၀ အခ်ိန္ခန္႔က ဆီေဘာက္ဆာယာဥ္ နွင့္ ဆိုင္ကယ္မ်က္နွာခ်င္းဆိုင္တိုက္မိ၍ လူတစ္ဦး ေသဆံုးေၾကာင္းသိရသည္။
 
အဆိုပါျဖစ္စဥ္ေၾကာင့္ ဆိုင္ကယ္ေမာင္းနွင္သူမွာ ဒါဏ္ရာရရွိၿပီး လံုးခင္းတိုက္နယ္ေဆးရံုသို႔ ပို႔ေဆာင္ေဆးဝါးကုသမႈခံယူေနၿပီး၊ဆိုင္ကယ္ေနာက္မွလိုက္ပါလာသူမွာ အခင္းျဖစ္ေနရာတြင္ပင္ ေသဆံုးေၾကာင္းသိရသည္။
 
ေသဆံုးသူမွာ ေမာင္လွေက်ာ္(၂၈)နွစ္၊ (ဘ)ဦးေမာင္လွေက်ာ္၊ မွတ္ပံုတင္(စီစစ္ဆဲ) ေမွာ္စီစာေက်းရြာ(ေအာင္သာယာ)တြင္ေနထိုင္သူျဖစ္ၿပီး၊၎ေသဆံုးသူအား လံုးခင္းတိုက္နယ္ေဆးရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း ေမွာ္စီစာအုပ္ခ်ဳပ္ေရးမွဴးရံုးမွ သိရသည္။
 
ယင္းျဖစ္စဥ္နွင့္ပါတ္သက္၍ လူ႔အသက္ေသဆံုးသည္အထိ ယာဥ္မဆင္မျခင္ေမာင္းနွင္သူ ကိုသန္႔ဇင္ၿဖိဳး(၂၉)နွစ္၊ (ဘ)ဦးဟန္ေအး၊ ၇/မညန(နိုင္)၀၈၁၄၂၇ ကုိ တရားဥပေဒနွင့္အညီ အမႈဖြင့္အေရးယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း လံုးခင္းနယ္ေျမရဲစခန္းမွ သိရသည္။

ေနာင္ရိုး
———————————————-

ဆီဘောက်ဆာယာဉ်နှင့် ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်မိ၍ လူတစ်ဦးသေဆုံး
 
EPN
လုံးခင်း၊ ဧပြီ ၂၆
 
ဖားကန့်-လုံးခင်း ကားလမ်းမကြီးပေါ် မှော်စီစာကျေးရွာအနီးတွင် ယနေ့ဧပြီလ(၂၆)ရက် နံနက် ၁၁း၃၀ အချိန်ခန့်က ဆီဘောက်ဆာယာဉ် နှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မိ၍ လူတစ်ဦး သေဆုံးကြောင်းသိရသည်။
 
အဆိုပါဖြစ်စဉ်ကြောင့် ဆိုင်ကယ်မောင်းနှင်သူမှာ ဒါဏ်ရာရရှိပြီး လုံးခင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ဆေးဝါးကုသမှုခံယူနေပြီး၊ဆိုင်ကယ်နောက်မှလိုက်ပါလာသူမှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးကြောင်းသိရသည်။
 
သေဆုံးသူမှာ မောင်လှကျော်(၂၈)နှစ်၊ (ဘ)ဦးမောင်လှကျော်၊ မှတ်ပုံတင်(စီစစ်ဆဲ) မှော်စီစာကျေးရွာ(အောင်သာယာ)တွင်နေထိုင်သူဖြစ်ပြီး၊၎င်းသေဆုံးသူအား လုံးခင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း မှော်စီစာအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။
 
ယင်းဖြစ်စဉ်နှင့်ပါတ်သက်၍ လူ့အသက်သေဆုံးသည်အထိ ယာဉ်မဆင်မခြင်မောင်းနှင်သူ ကိုသန့်ဇင်ဖြိုး(၂၉)နှစ်၊ (ဘ)ဦးဟန်အေး၊ ၇/မညန(နိုင်)၀၈၁၄၂၇ ကို တရားဥပဒေနှင့်အညီ အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုံးခင်းနယ်မြေရဲစခန်းမှ သိရသည်။

နောင်ရိုး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။