Trending Now

စက်တင်ဘာလမတိုင်မီ ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ သန်း ၃၀ ထုတ်လုပ်ရန် ဗြိတိန် စီစဉ်

Spread the love

စက်တင်ဘာလမတိုင်မီ ကိုဗစ်-၁၉ ကာကွယ်ဆေး အလုံးရေ သန်း ၃၀ ထုတ်လုပ်ရန် ဗြိတိန် စီစဉ်

EPN
နိုင်ငံတကာ၊ မေ ၁၈

ဗြိတိန်နိုင်ငံသားများက ပြည်တွင်းဖြစ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး၏ အကျိုးကျေးဇူးကို ပထမဆုံး ခံစားရသူများ ဖြစ်လာနိုင်ကြောင်း ဧပြီနှောင်းပိုင်းတွင် ဗြိတိန်အစိုးရက ပြောကြားခဲ့သည်။

အောက်စဖို့ဒ်တက္ကသိုလ်နှင့် ဆေးကုမ္ပဏီကြီး AstraZeneca တို့ကြား ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး ထုတ်လုပ်ခွင့်လိုင်စင်ကို ဗြိတိန်စီးပွားရေးဝန်ကြီး အလော့ခ်ရှာမာက ကြေညာခဲ့ပြီး အဆိုပါကြေညာချက်က ပြည် သူထက်ဝက်သို့ ကိုဗစ်-၁၉ ကာကွယ်ဆေး ပံ့ပိုးမည့် ပေါင် သန်း ၁၃၀ တန် စီမံချက်၏ တစ်စိတ်တစ်ဒေသဖြစ် သည်။

“ကျွန်တော်တို့ သိပ္ပံပညာရှင်တွေက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး တီထွင်စမ်းသပ်မှုမှာ ရှေ့ကဉီး ဆောင်နေပါတယ်။ ကာကွယ်ဆေးထုတ်လုပ်နိုင်ပြဆိုရင် ဗြိတိန်ပြည်သူတွေကို ပထမဆုံး ထောက်ပံ့မှာဖြစ်ပြီး ထောင်နဲ့ချီတဲ့ လူ့အသက်တွေကို ကယ်တင်နိုင်မှာဖြစ်ပါတယ်” ဟု ရှာမာက သတင်းထောက်များသို ပြောကြားခဲ့ သည်။

ဖွံ့ဖြိုးဆဲတိုင်းပြည်များက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို ကုန်ကျစရိတ်အနည်းဆုံးဖြင့် ရရှိနိုင်တော့ မည်ဟု ၄င်းကဆိုသည်။

အစိုးရ၏ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးထုတ်လုပ်မှုအတွက် ပေါင် ၈၄ သန်း ရင်းနှီးမြှုပ်နှံမှုက အမျိုး သားကြိုးပမ်းမှုအတွက် ကြီးမားသောခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ဗြိတိန် ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့ခ် က ပြီးခဲ့သည့်အပတ်တွင် တွစ်တာ၌ ရေးသားခဲ့သည်။

အောက်စဖို့ဒ်တက္ကသိုလ်နှင့် ဆေးကုမ္ပဏီကြီး AstraZeneca တို့က စက်တင်ဘာလမတိုင်မီ ကိုရိုနာဗိုင်း ရပ်စ် ကာကွယ်ဆေး အလုံးရေ သန်း ၃၀ ထုတ်လုပ်ရန် စီစဉ်လျက်ရှိသည်။

–ကိုးကား–
စပွတ်ညက်
Ref; UK reportedly plans to produce 30 million doses of COVID-19 vaccine by September


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။