Trending Now

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

Spread the love

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား၊ မတ်လ ၂

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်၊ ခေမာသီရိလမ်းသွယ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ မောင်းနှင်လာသည့် ကားပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၆ သိန်း) ကိုဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမှုးယစ်ရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့ ၅ နာရီအချိန့်ခန့်တွင် ရဲတပ်ဖွဲ့ဝင်များသည် မှုးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ ရမ်ပူရပ်ကွက်အတွင်း စောင့်ဆိုင်းနေစဉ် ခေမာသီရိလမ်းသွယ်(၂၁)ဘက်မှ (၂၂)ဘက်သို့ စိုးစိုင်း မောင်းနှင်ပြီး မရုံးခို့(ခ)စမ်းစမ်းအေး လိုက်ပါလာသည့် CROWN အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိုးစိုင်း ထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀ ပြားကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါစိတ်ကြွရူးသွပ်ဆေးပြားများအား ၎င်းတို့အတူတကွ သယ်ဆောင်လာခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် စိုးစိုင်း(၂၀)နှစ် နှင့် မရုံးခို့(ခ) စမ်းစမ်းအေး(၃၂)နှစ်တို့အား မြစ်ကြီးနားနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်လျက်ရှိသည်။

နန့်ခူး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။