Trending Now

နယ်မြေရဲစခန်း ဗုံးခွဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နှင့်ပတ်သက် သည်ဟုဆိုကာ ဒေသခံ ၁၀ ဦးဖမ်းခံရ

Spread the love

နယ်မြေရဲစခန်း ဗုံးခွဲတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်နှင့်ပတ်သက် သည်ဟုဆိုကာ ဒေသခံ ၁၀ ဦးဖမ်းခံရ

EPN
ဒီဇင်ဘာ ၊ ၃

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ကနောင်နယ်မြေရဲ စခန်း ၊ ဗုံးဖောက်ခွဲတိုက်ခိုက်ခံရသည့်ဖြစ်စဉ်နှင့်ပတ်သက် သည်ဟုဆိုကာ ဒေသခံ အမျိုးသား ၁၀ ဦးဖမ်းဆီးခံ ထားရကြောင်း သိရသည်။

ကနောင်နယ်မြေရဲစခန်းမှာ ပြီးခဲ့သည် နိုဝင်ဘာလ ၂၄ ရက် ညနေပိုင်းက အမည်မသိ မျက်နှာဖုံးစွပ်ထားသူများက လာရောက် ဗုံးဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များနှင့်သေနတ်သမားများ အချိန်အနည်းအငယ်ကြာသည် အထိ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ နယ်မြေရဲစခန်း ဗုံးဖောက်ခွဲတိုက်ခိုက်ခံရမှုတွင်ပါဝင်တယ်ဆိုကာ ယမန်နေ့ ညနေပိုင်းက ဥပဒေအညီ စစ်ဆေးရန်အတွက်ဆိုပြီး ကနောင်နယ်မြေရဲစခန်းအပိုင် မှဒေသခံ အမျိုးသား ၁၀ ဦးဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟုရဲတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦး ကပြောသည်။

”နယ်မြေရဲစခန်း တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်နဲ့ မသင်္ကာလို့ ဖမ်းတာပါ ၊ အဖမ်းခံရသူတွေက အမျိုးသားတွေပါ အဖမ်းခံရတာ ၊ စစ်ဆေးဖို့ရှိတယ်လို့ဆိုပြီး ဖမ်းတာလို့ သိရတယ် ၊ သံသယနဲ့ အဖမ်းခံရတာ ၊ အားလုံး ၁၀ ယောက်ပါ ၊ အခုရဲစခန်းမှာပဲရှိတယ်လို့ သိရတယ်။”ဟု ၎င်း ကဆက်ပြောသည်။

အဖမ်း ခံရသည့် ဒေသခံ ၁၀ ဦးထဲတွင် ကြက် ၊ ငါး မွေးမြူ ရေး လုပ်ငန်း လုပ်ကိုင်သူ အသက် ၄၀ အရွယ် ၃ ဦးနှင့် ဒေသခံ လယ်ယာ လုပ်ငန်း လုပ်ကိုင်သူ လူငယ် ၇ ဦးဖြစ် ပြီး အဖမ်းခံရသူများကို ဥပဒေနှင့် အညီ စစ်ဆေးနေပြီးအမှုမဖွင့် ထားသေးကြောင်း သိရသည်။

မြန်အောင်မြို့နယ်တွင် ယခုကဲ့သို့ နယ်မြေရဲစခန်း ၊ ဗုံးဖောက်ခွဲတိုက်ခိုက်ခံရသည့် ဖြစ်စဉ်သည် ပထမ ဆုံး ဖြစ်ပေမဲ့ ပြီးခဲ့သည့် ဇွန်လအတွင်းက မြန်အောင်မြို့နယ် ၊ ကနောင်မြို့ ၊ အမှတ် ၂ ရပ်ကွက် တွင် ရဲတပ်ဖွဲ့ဝင် ၁ ဦးသေနတ်နဲ့ဖြင့် ပစ်သတ်ခံခဲ့ရသေးကြောင်း သိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။