Trending Now

ပါလက်စတိုင်း၊ အစ္စရေး ပဋိပက္ခစတင်

Spread the love

ပါလက်စတိုင်း၊ အစ္စရေး ပဋိပက္ခစတင်

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၇

ပါလက်စတိုင်းတွေက ဂါဇာကမ်းမြှောင်ဘက်ကနေ အစ္စရေးဘက်ကို ဒီနေ့မနက်ပိုင်းက ဒုံးကျည် ၅၀၀၀ ကျော် ပစ်ခတ်ခဲ့ပြီး အစ္စရေးကိုထိုးစစ်ဆင်မယ့် စစ်ဆင်ရေးတစ်ရပ်ကို စတင်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

ဟားမတ်စ်အဖွဲ့က အံ့အားသင့်ဖွယ် တိုက်ခိုက်မှုအတွက် တာဝန်ရှိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီး အဖွဲ့ရဲ့ လက်ထောက်အကြီးအကဲ Saleh al-Arouri က ပါလက်စတိုင်းတွေကို လက်နက်ကိုင်ဆောင်ဖို့ တောင်းဆိုထားပါတယ်။

“အထူးသဖြင့် အနောက်ဘက်ကမ်းမှာရှိတဲ့ ခုခံတိုက်ခိုက်ရေးသမားတွေက ဒီတိုက်ပွဲကို ငါတို့အားလုံး တွန်းလှန်ရမယ်၊ ဒီစစ်ဆင်ရေးအတွင်းမှာ အားလုံးပါဝင်ဖို့တောင်းဆိုပါတယ်” လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အစ္စရေးနိုင်ငံ တောင်ပိုင်းရှိ အဆောက်အအုံတစ်ခုကို ဒုံးကျည်ထိမှန်မှုကြောင့် အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာပြင်းထန်စွာရှိခဲ့ပြီး အခြားနေရာတွေမှာလည်း အသက် ၂၀ အရွယ်အမျိုးသားတစ်ဦး ဒုံးကျည်ထိမှန်ဒဏ်ရာရှိခဲ့တယ်လို့ ကယ်ဆယ်ရေးအေဂျင်စီက ပြောပါတယ်။

အစ္စရေးစစ်တပ်ဘက်ကလည်း ဂါဇာကမ်းမြှောင်မှာရှိတဲ့ ဟားမတ်စ်ပစ်မှတ်တွေကိုစတင်တိုက်ခိုက်နေပြီဖြစ်ကြောင်းနဲ့ အစ္စရေး ကာကွယ်ရေးဝန်ကြီးက အရန်တပ်သားတွေကို စည်းရုံးဖို့ အတည်ပြုလိုက်ပါတယ်။

တာဝန်အတွက် ဆင့်ခေါ်ခံရမယ့် အရေအတွက်ဟာ စစ်တပ်ရဲ့ လိုအပ်ချက်ပေါ် မှုတည်မယ်လို့ ကာကွယ်ရေးရုံးက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref; aljazeera
video – ပါလက်စတိုင်းတွေက ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ အစ္စရေးတပ်ဖွဲ့ဝင်တွေရဲ့ စစ်သုံးယာဉ်ကို သိမ်းပိုက်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။