Trending Now

မိုးညှင်းအစိုးရ နည်းပညာကောလိပ်မှ မြစ်ကြီးနားဆေးရုံသို့ ဘက်စုံသုံး အဝေးထိန်း ထရော်လီ (၁)စီး လှူဒါန်း

Spread the love

မိုးညှင်းအစိုးရ နည်းပညာကောလိပ်မှ မြစ်ကြီးနားဆေးရုံသို့ ဘက်စုံသုံး အဝေးထိန်း ထရော်လီ (၁)စီး လှူဒါန်း

EPN
မိုးညှင်း၊ ဇွန် ၁၄

မိုးညှင်းမြို့နယ် အစိုးနည်းပညာကောလိပ်မှ မြစ်ကြီးနားဆေးရုံကြီးသို့ ဘက်စုံသုံး အဝေးထိန်း ထရော်လီ တစ်စီးပေးအပ်ပွဲကို ဇွန်လ(၁၃)ရက်နေ့ နံနက်(၉)နာရီ အချိန်က မိုးညှင်းမြို့ အစိုးရနည်းပညာကောလိပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဘက်စုံသုံး အဝေးထိန်း ထရော်လီကို စက်မှုအင်ဂျင်နီယာ ဌာနမှ ဌာနမှူးနှင့် တွဲဖက်ပါမောက္ခများ၊ အီလက်ထရောနစ် အင်ဂျင်နီယာဌာနမှ လက်ထောက် ကထိကနှင့် ဆရာမများက ပူးပေါင်းကြိုးစား ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ နည်းပညာကောလိပ်အနေနဲ့ အခုလို Covid ကာလမှ ကိုယ်တတ်တဲ့ ပညာလေးတွေနဲ့ ကူညီခွင့် ရတာဝမ်းသာပါတယ် ဋ္ဌာနဆိုင်ရာတွေ လူမှုရေးအသင်း အဖွဲ့ တွေအနေနဲ့လည်း လိုအပ်လို့ အကူအညီတောင်းခံလာရင် ကူညီပေးမှာပါ” အီလက်ထရောနစ်ဋ္ဌာနမှ ဆရာဦးရဲလင်းဦးက ပြောသည်။

မိုးညှင်းမြို့၊ အစိုးရ နည်းပညာကောလိပ် ကျောင်းအုပ်ဆရာ မကြီး ဒေါက်တာကျော့ကျော့ရီနှင့် ဆရာများမှ မြစ်ကြီးနားပြည်သူ့ဆေးရုံတွင် အသုံးပြုနိုင်ရန်အတွက် ဘက်စုံသုံး အဝေးထိန်းထရော်လီ (၁) စီး၊ ခြေနင်းလက်ဆေးကန်(၂)စုံနှင့် ခြေနင်းလက်ဆေးခုံ(၅)ခုံတို့ အား ပေးအပ်လှူဒါန်းရာ ပြည်နယ် ကျန်းမာရေးဋ္ဌာနမှ ဒေါက်တာအေးသိန်းက လက်ခံရယူခဲ့သည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဦးနေဝင်းကလည်း “အခုလို Covid-19 ရောဂါကြောင့် အရေးကြီးနေချိန်မှာ အခုလို ဆေးကုသရေး အတွက်အသုံးပြုနှိုင်တဲ့ ဘက်စုံသုံး အဝေးထိန်းထရော်လီ ပေးအပ်လှူဒါန်းတဲ့အတွက် မိုးညှင်းအစိုးရနည်းပညာ ကောလိပ်က ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ကျေးဇူးတင်ရှိပါတယ်”ဟု ပြောကြားခဲ့သည်။

အဆိုပါ အဝေးထိန်း ထရော်လီ တစ်စီး တည်ဆောက်ရာတွင် (၃၇၄၀၀၀)ကျပ် ကုန်ကျကြောင်း သိရပြီး မိုးညှင်းခရိုင် ဆေးရုံကြီး အတွက် တစ်စီး၊ မန္တလေးမြို့ ကန်တော်နဒီဆေးရုံအတွက် တစ်စီးနှင့် မြစ်ကြီးနား ဆေးရုံကြီးအတွက် တစ်စီးတို့ကို ပေးအပ် လှူဒါန်းခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။