Trending Now

မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အိပ်ချင်ယောင် ဆောင်တဲ့သူတွေသာမက သေချင်ယောင် ဆောင်တဲ့သူတွေပါရှိတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

Spread the love

မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး အိပ်ချင်ယောင် ဆောင်တဲ့သူတွေသာမက သေချင်ယောင် ဆောင်တဲ့သူတွေပါရှိတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းပြော

EPN
မြစ်ကြီးနာ၊ နိုဝင်ဘာ ၁၈

မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာက အစိုးရတွေထဲမှာ အိပ်ချင်ယောင် ဆောင်တဲ့သူတွေသာမက သေချင်ယောင် ဆောင်တဲ့သူတွေပါရှိတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

” ရဟတ်ယာဉ်ပေါ်ကနေ စစ်ဆင်ရေးအရ ပစ်ခတ်မှုတွေကိုတော့ လေကြောင်းတိုက်ခိုက်မှုက ဘယ်လိုဖြစ်တယ် ဘာညာ ကန့်ကွက်စာတွေ ထုတ်နေတာပဲ။ ကျိုက်ထီးရိုးမှာ အုပ်အော်သောင်းနှင်း အကြမ်းဖက်အဖွဲ့တွေ ပစ်ခတ်နေတာကြတော့ ဘာမှမပြောဘူး။ သူတို့မမြင်လို့လားဆို မဟုတ်ဘူး။ အိပ်ချင်ယောင်ဆောင်နေတာ အဲ့ဒါတင်မကဘူး သေချင်ယောင်ဆောင်တဲ့ သူတွေပါရှိသေးတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံအတွင်းမှာ န.စ.က ရဲ့ လုပ်ဆောင်နေတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက သိရှိနိုင်ဖို့အတွက် ကုလသမဂ္ဂအပါအဝင် နိုင်ငံတိုင်းက သံရုံးတွေနဲ့ ဌာနဆိုင်ရာတွေကို န.စ.က ထုတ်ပြန်နေတဲ့ သတင်းအချက်အလက်တွေကို ဖြန့်ဝေထားပေမယ့်လည်း အချို့နိုင်ငံတွေက ဂရုစိုက်မှုမရှိဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ဒါ့ကြောင့် နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းမှာဖြစ်ပျက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာကို ကျယ်ကျယ်ပြန့်ပြန့် အသိပေးနိုင်ဖို့ ဆောင်ရွက်နေသလို ပြည်တွင်းမီဒီယာများအနေဖြင့်လည်း အိပ်ချင်ယောင်ဆောင်မနေဘဲ လုပ်သင့်တာတွေနဲ့ ပြောသင့်တာတွေကို ပြောဆိုကြပါလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့ပါတယ်။

ဝလုံး

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။