Trending Now

ဖားကန့်တွင် အမည်မသိလက်နက်ကိုင်အဖွဲ့ အချင်းချင်း စကားများရာမှ ပစ်ခတ်မှုဖြစ်ပွား

Spread the love

ဖားကန့်တွင် အမည်မသိလက်နက်ကိုင်အဖွဲ့ အချင်းချင်း စကားများရာမှ ပစ်ခတ်မှုဖြစ်ပွား

EPN

မြစ်ကြီးနား ၊ နိုဝင်ဘာ ၁၈

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယမန်နေ့ နိုဝင်ဘာလ (၁၇)ရက်နေ့ ည (၇)နာရီခန့်က ယူမာကျေးရွာတွင် အမည်မသိလက်နက်ကိုင်အဖွဲ့ တစ်ခု အချင်းချင်းစကာများရာမှ ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံမျာထံမှသိရသည်။

ယင်းဖြစ်စဉ်မှာ ဆိုင်းတောင်ကျေးရွာအုပ်စု ယူမာကျေးရွာရှိ စားသောက်ဆိုင်တစ်ခုမှ ထွက်လာသည့် အိမ်စီးကားတစ်စီးကို အနောက်မှ လိုက်လာသည့် ဆိုင်ကယ်မှ ပစ်ခတ်ခဲ့ကာ ယင်းပစ်ခတ်မှုကြောင့် လူသေဆုံးမှုများရှိခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“ စားသောက်ဆိုင်ကနေ ကားက အရင် ထွက်လာတာ ဆိုင်ကယ်က အနောက်ကနေလိုက်ပြီး ကားပေါ်ကိုပစ်တာ ၊ ယူမာက ကရိန်းဝန်ဆောင်မှုဆိုင် ရှေ့နားမှာ ဖြစ်သွာတယ်လို့သိရတယ်၊ ကားက ခဲရောင်လို့ပြောတယ်၊ သေဆုံးတာတွေတော့ရှိတယ်၊ အလောင်းတွေကိုလဲ ဖြစ်ဖြစ်ခြင်းပဲ ဆိုင်ကယ်ပေါ်က လူတွေကသယ်သွားကြတယ် လို့သိရတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ ပစ်ခတ်မှုကြောင်း အိမ်စီးကား (crown ခဲရောင်းကား)မှာ လမ်းဘေးသို့ ထိုးကျခဲ့ပြီး ယနေ့ အချိန်ထိ ကားအား လာရောက်သယ်ယူချင်းမရှိကြောင်းသိရသည်။

ဖားကန့်ဒေသတွင် ယခုရက်ပိုင်းအတွင်း ညစဉ် ပစ်ခတ်မှုများကို ဖြစ်ပေါ်နေသလို ယင်းနေ့ည (၈)နာရီခန့်တွင်လည်း လက်နက်ကြီးသံများကြားခဲ့ရကြောင်းဒေသခံများထံမှ သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။