Trending Now

စစ်ကိုင်းမြို့တွင် မိုင်းပေါက်ကွဲ၍ ပလုံကောက်သည့် မိသားစုဝင် (၄) ဦးအနက် (၁) ဦး သေဆုံး

Spread the love

စစ်ကိုင်းမြို့တွင် မိုင်းပေါက်ကွဲ၍ ပလုံကောက်သည့် မိသားစုဝင် (၄) ဦးအနက် (၁) ဦး သေဆုံး

EPN
နေပြည်တော်၊ ဇန်နဝါရီ ၅ (၂၀၂၄)

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့၊ နီလာဦးရပ်ကွက် ဦးပြားပဲခွဲစက်အနီး ရထားသံလမ်းဘေး ရှိ အမှိုက်ပုံတွင် PDF များထောင်ထားသည့် မိုင်းပေါက်ကွဲ၍ ပလုံကောက်သည့် မိသားစုဝင် (၄) ဦးအနက် ကလေးငယ် (၁) ဦး သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဇန်နဝါရီလ ၃ ရက်နေ့၊ နံနက် ၉ နာရီ ဝန်းကျင်တွင် အမှိုက်များအတွင်းရှိ ဗူးခွံ၊ ပုလင်းခွံများကို မိသားစုလိုက် ရှာဖွေရာမှ PDF များထောင်ထားသည့် မိုင်းမှာ ပေါက်ကွဲရာ မိသားစုလိုက် ဗုံးစထိမှန်၍ မိသားစုဝင် (၄) ဦးအနက် ကလေးငယ် (၁) ဦး သေဆုံးခဲ့ပြီး ကျန်သူများ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မိုင်းပေါက်ကွဲမူကြောင့် ဒဏ်ရာရရှိသည့် မိသားစုဝင် (၄) ဦးကို စစ်ကိုင်းဆေးရုံသို့ ပြည်သူများမှ ပို့ဆောင်ရာ ဆေးရုံအရောက်တွင် ဒဏ်ရာပြင်းထန်ရရှိသည့် အသက် (၇) နှစ်အရွယ် မောင်ဇေယျာလင်းမှာ သေဆုံးခဲ့ပြီး၊ ဒဏ်ရာရရှိသူများမှာ အသက် (၄၅)နှစ်အရွယ် ဖခင်ဖြစ်သူ ကိုအောင်အောင်၊ အသက် (၃၂) နှစ်အရွယ် ဇနီး ဖြစ်သူ မသင်းသင်းလှ၊ ၎င်းတို့၏ အသက် (၃) နှစ်အရွယ် မရိှုင်းဝါတို့မှာ စစ်ကိုင်းဆေးရုံမှတစ်ဆင့် မန္တလေးဆေးရုံသို့ လွှဲပြောင်းဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် အတူ ပြီးခဲ့သည့် နှစ်ပိုင်းကလည်း စစ်ကိုင်းမြို့တွင် အမှိုက်ကောက်သည့် မိသားစုဝင်များ အမှိုက်ကောက်ရင်း မိုင်းပေါက်ကွဲမူကြောင့် သေဆုံးသူများရှိသကဲ့သို့ ဆေးကုသမူခံယူနေရသည့် ဖြစ်စဉ်များ လည်းရှိခဲ့ကြောင်း သိရသည်။

Photo – Credit


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။