Trending Now

ဂျပန်နိုင်ငံတွင် ကလေးမွေးဖွားနှုန်း စံချိန်တင်ကျဆင်းနေခြင်းကြောင့် အရေးယူဆောင်ရွက်ရန် နှိုးဆော်

Spread the love

ဂျပန်နိုင်ငံတွင် ကလေးမွေးဖွားနှုန်း စံချိန်တင်ကျဆင်းနေခြင်းကြောင့် အရေးယူဆောင်ရွက်ရန် နှိုးဆော်

EPN
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၇

ဂျပန်နိုင်ငံ၏ ကလေးမွေးဖွားနှုန်းသည် စံချိန်တင်ကျဆင်းနေပြီး ၂၀၂၂ ခုနှစ်တွင် မွေးဖွားသည့် နိုင်ငံသား ၈ သိန်းအောက်သို့ ရောက်ရှိဖွယ်ရှိနေကြောင်း ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။

အစိုးရသည် လူဦးရေစံချိန်တင်ကျဆင်းမှုအား တားဆီးနိုင်ရန်အတွက် မိဘများကို ငွေကြေးအကူအညီများ ပိုမို ထောက်ပံ့ပေးမည်ဟု ကတိပြုထားသော်လည်း ကလေးမွေးဖွားရန် ဈေးကြီးလွန်းသည်ဟု မိဘများက ဆိုသည်။

“အခုတောင်မှ အရင်ကလို မစုဆောင်းနိုင်တော့ဘူး ဒုတိယ ကလေးအတွက်ကတော့ မတွေးဝံ့စရာပါပဲ ” ဟု အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးရဲ့ မိခင်ဖြစ်သူက ပြောသည်။
ဂျပန်နိုင်ငံသည် ပြီးခဲ့သည့် ၆ နှစ်အတွင်း ကလေးမွေးဖွားမှု စံချိန်တင် ဆက်တိုက်ကျဆင်းခဲ့ပြီး ယခု ၂၀၂၂ ခုနှစ်သည် ၁၉၈၈ ခုနှစ်နောက်ပိုင်း စံချိန်တင်ကျဆင်းသည့်နှစ်ဖြစ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

ဂျပန်စုံတွဲအများစုသည် ကလေးလိုချင်ကြသော်လည်း အများစုမှာ ငွေကြေးဆိုင်ရာ အခက်အခဲများကို အကြောင်းပြကြကြောင်း လူမှုဗဒေ ပါမောက္ခ မတ်ဆုဒါ ကပြောသည်။

ဂျပန်ဝန်ကြီးချုပ် ကီရှီဒါ ဖူမီရိုက မိဘအသစ်များအတွက် ထောက်ပံကြေးပိုပေးခြင်းအပါအဝင် ကလေးထိန်းစာရိတ် ဘက်ဂျက် နှစ်ဆလိုခြင်ကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်က လက်ရှိမိဘအသစ်များတွက် ထောက်ပံ့ထားသည့် ဒေါ်လာ ၃၁၀၀ အပြင် ကိုယ်ဝန်ရှိနေစဉ် ဒေါ်လာ ၇၀၀ ခန့်နဲ့ ကလေးမွေးဖွားချိန်တွင် နောက်ထပ် ဒေါ်လာ ၆၀၀ ထောက်ပံ့မည်ဟု ယခုလအစောပိုင်းတွင် ကြေညာခဲ့သည်။

— ကိုးကား —
NHK
Ref; Japan’s plummeting birth rate prompts calls for action

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။