Trending Now

စက်သုံးဆီ ရောင်းချမှု ရပ်တန့်ထားခြင်း၊ အကန့်အသတ်ဖြင့် ရောင်းချခြင်းများကို တိုင်ကြားနိုင် ဟုဆို

Spread the love

စက်သုံးဆီ ရောင်းချမှု ရပ်တန့်ထားခြင်း၊ အကန့်အသတ်ဖြင့် ရောင်းချခြင်းများကို တိုင်ကြားနိုင် ဟုဆို

EPN
မြစ်ကြီးနား ၊ သြဂုတ် ၁၆

စက်သုံးဆီ အရောင်းဆိုင်တွေအနေဖြင့် ရောင်းချမှု ရပ်တန်းထားခြင်း အပါအဝင် အကန့်အသတ်ဖြင့် ရောင်းချသည့် ကိစ္စရပ်များနှင့် ပတ်သက်၍ သတင်းပေးတိုင်ကြားနိုင်ကြောင်း ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီမှ အသိပေးထုတ်ပြန်ထားသည်။

ကော်မတီအနေဖြင့် စက်သုံးဆီများကို သြဂုတ်လကုန်ပိုင်းအထိ ပြည့်စုံလုံလောက်စွာ တင်သွင်းဖြန့်ဖြူးထားပြီ ဖြစ်သလို ပြည်သူများ စိုးရိမ်ကြောင့်ကြမှုကင်းစွာသုံးစွဲနိုင်ရန် စက်သုံးဆီများ စဉ်ဆက်မပြတ် ဖြည့်တင်းရေးကိုလည်း မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းဖြန့်ဖြူးရောင်းချရေးအသင်းနှင့် ညှိနှိုင်းပေါင်းစပ်၍ စနစ်တကျ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ လုပ်ဆောင်ထားသော်လည်း စက်သုံးဆီအရောင်းဆိုင်များမှာ ရည်ရွယ်ချက်ရှိစွာ ပြည်သူများ စိုးရိမ်ကြောင့်ကြမှု ဖြစ်ပေါ်စေရန်နှင့် စက်သုံးဆီဈေးနှုန်း ပြောင်းလဲမှုရှိလာနိုင်မည်ဟု ယူဆပြီး မိမိအကျိုးစီးပွားအတွက် စက်သုံးဆီ ပြတ်လပ်သည် (သို့မဟုတ်) လက်ကျန်နည်းပါးနေသည် ဟု ပြောဆိုကာ ရောင်းချမှု ရပ်တန့်ထားခြင်း ၊ အကန့်အသတ်ဖြင့် ရောင်းချခြင်းများကို ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

စက်သုံးဆီအရောင်းဆိုင်များ ထိုသို့ လုပ်ဆောင်နေသည့်ကိစ္စနှင့်ပတ်သက်၍ ပြည်သူများတွေ့ရှိပါက သက်ဆိုင်ရာ နယ်မြေဒေသအလိုက် ဖော်ပြပါ ဖုန်းနံပါတ်များသို့ လုံခြုံစိတ်ချစွာဖြင့် တိုင်ကြားနိုင်ကြောင်း ဖော်ပြထားသည်။

ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ
ကချင်ပြည်နယ်
၀၉- ၅၄၀၈၄၂၇/ ၀၇၄- ၂၅၂၂၇၃၄
ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန
၀၆၇- ၄၁၁၁၂၉ / ၀၉ – ၄၄ဝ ၄၃၃ ၅၃၃ ၀၆၇-၄၀၉၈၈၁ / ၀၉- ၆၉၉ ၆၁၁ ၁၁၆
နေပြည်တော်
၀၉- ၅၂၄၀၃၆၃/ ၀၆၇- ၃၂၂ဝ၃၆
မန္တလေးတိုင်းဒေသကြီး
၀၉- ၅၁၄၃၂၄၄ / ၀၂- ၄၀၃၉၂၀၉
မကွေးတိုင်းဒေသကြီး
၀၉- ၅၃၄၀၅၄၈/ ဝ၆၃- ၂ဝ၂၆၈၆ဝ
ရန်ကုန်တိုင်းဒေသကြီး
၀၉- ၅၁၅၀၁၃၀/ ၀၁- ၈၂၉၂၁၂၄
ပဲခူးတိုင်းဒေသကြီး
၀၉- ၅၁၄၈၅၀၅/ ၀၅၂- ၂၂၂၁၉၈၉
ဧရာဝတီတိုင်းဒေသကြီး
၀၉- ၉၇၆၄၈၂၅၆၃/ ၀၄၂- ၂၁၂၃၉
စစ်ကိုင်းတိုင်းဒေသကြီး
၀၉- ၂၅၂၀၀၄၄၄၇/ ၀၇၁- ၂ဝ၂၁ဝ၈၃
ကရင်ပြည်နယ်
၁၉- ၅၀၅၃၅၈၄/ ၀၅၈- ၂၁၀၄၅
မွန်ပြည်နယ်
၀၉- ၂၅၅ ၇၂၄ ၃၉၅/ ၀၅၇- ၂ဝ၂၄၄၁၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)
၀၉- ၂၀၀၂၂၄၄/ ၀၈၂- ၂၂၀၃၀၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)
၀၉- ၉၅၃၃၄၄၉၂၁/ ၀၈၁- ၂၀ ၂၁၃၁၄
တနင်္သာရီတိုင်းဒေသကြီး
၁၉- ၂၅၄၁၆၈၉၂
ကယားပြည်နယ်
၀၉- ၅၁၂၉၁၈၉/ ၀၈၃- ၂၂၂၁ဝ၇၃
ချင်းပြည်နယ်
၀၉- ၂၄၅ ၀၀ ၄၃/ ၀၇၀- ၂ဝ၂၁၁၂၃
ရခိုင်ပြည်နယ်
၀၉- ၄၂၁၇ ၃၅၆ ၄၄/ ၀၄၃- ၂၃၂၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)
၀၉- ၂၀၂၈ ၂၂၈/ ၀၈၁- ၂၃၄၅ဝ၂၁
သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။