Trending Now

အင်ဒိုနီးရှား လောင်စာဆီတင်သင်္ဘော မီးလောင်မှုတွင် ခုနှစ်ဉီးထက်မနည်း သေဆုံး

Spread the love

အင်ဒိုနီးရှား လောင်စာဆီတင်သင်္ဘော မီးလောင်မှုတွင် ခုနှစ်ဉီးထက်မနည်း သေဆုံး

EPN
နိုင်ငံတကာ၊ မေ ၁၃

အင်ဒိုနီးရှား လောင်စာဆီတင်သင်္ဘောတစ်စင်းပေါ်တွင် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားပြီး တစ်ရက် အကြာတွင် ကယ်ဆယ်ရေးသမားများက မီးလောင်ကျွမ်းထားသော အလောင်းခုနှစ်လောင်းကို တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

မီးလောင်သေဆုံးသူများမှာ အင်ဒိုနီးရှားနိုင်ငံ၏ အလုပ်အများဆုံး ဆိပ်ကမ်းတစ်ခုဖြစ်သည့် မြောက်ဆု မားတြားကျွန်းရှိ ဘီလာဝမ်ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် မီတာ ၂၅၀ ရှိ လောင်စာဆီတင်သင်္ဘော Jag Leela ပေါ် ပိတ်မိနေသည့် ဒါဇင်နှင့်ချီသောလူများထဲမှ ဖြစ်သည်။

ပြုပြင်မွမ်းမံရန် ဆိုက်ကပ်ထားသော အင်ဒိုနီးရှားနိုင်ငံအလံ လွှင့်ထူထားသော လောင်စာဆီတင်သင်္ဘော ပေါ်ရှိ မီးတောက်များကိုငြှိမ်းသတ်ရန် အခြားစက်လှေတစ်စင်းပေါ်ရှိ မီးသတ်သမားများက နာရီပေါင်းများစွာ ကြိုးပမ်းခဲ့ရသည်။

“သေဆုံးသူတွေက မီးလောင်ကျွမ်းချိန်မှာ အပြင်ကိုထွက်တဲ့လမ်း မရှာဖွေနိုင်ဘဲ ပိတ်မိနေသူတွေဖြစ်ပါ တယ်။” ဟု ဒေသန္တရရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောသည်။ မီးလောင်သေဆုံးသူများ မည်သူမည်ဝါ ဖော်ထုတ်ရန် ဒီအင်န်အေစစ်ဆေးမှုများ လုပ်ဆောင်နေပြီး သင်္ဘောအမှုထမ်းအချို့ ပျောက်ဆုံးလျက်ရှိကြောင်း ၄င်းက ဆိုသည်။

မီးလောင်ကျွမ်းမှုကြောင့် လူ ၂၂ ဉီးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ပေါက်ကွဲမှုနှင့် မီးလောင်ကျွမ်းရသော အ ကြောင်းရင်းကို မသိရသေးကြောင်း အာဏာပိုင်များက ပြောသည်။

–ကိုးကား–

အေအက်ဖ်ပီ
Ref; At least 7 dead from Indonesia oil tanker fire


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။