Trending Now

တရုတ်ရဲ့ ကျူးကျော်မှုတွေကို တန်ပြန်တိုက်ခိုက်သွားမယ်လို့ ထိုင်ဝမ်သတိပေး

Spread the love

တရုတ်ရဲ့ ကျူးကျော်မှုတွေကို တန်ပြန်တိုက်ခိုက်သွားမယ်လို့ ထိုင်ဝမ်သတိပေး
EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၁
တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကို ဖိအားပေးဖို့အတွက် ထိုင်ဝမ်အနီးတစ်ဝိုက်မှာ တိုက်လေယာဉ်တွေ၊ စစ်သင်္ဘောတွေ၊ မောင်းသူမဲ့ ဒရုန်းတွေကို တိုးမြင့်ချထားခဲ့ပြီးနောက် ထိုင်ဝမ်ဘက်က ရေပိုင်နက် နဲ့ လေပိုင်နက်တွေကို တရုတ်နိုင်ငံဘက်က ကျူးကျော်လာမယ်ဆိုပါက ခြွင်းချက်မရှိတန်ပြန်တိုက်ခိုက်သွားမယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က သတိပေးလိုက်ပါတယ်။
တရုတ်နိုင်ငံဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းတစ်ဝိုက်မှာ စစ်ရေးလေ့ကျင့်မှုတွေနဲ့ ကင်းလည့်မှုတွေကို အရှိန်မြင့်လုပ်ဆောင်နေတယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
သြဂုတ်လအစောပိုင်းက အမေရိကန် အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပေလိုစီ ထိုင်ဝမ်ကျွန်းကို အလည်အပတ်လာရောက်ပြီးကတည်းက တရုတ်ပြည်မကြီးဘက်က ထိုင်ဝမ်အနီးကို တိုက်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေ ရာနဲ့ချီစေလွတ်ခဲ့တာပါ။
တရုတ်ရဲ့ ဖိအားပေးမှုတွေကို တုံ့ပြန်ဖို့အတွက် ရေမိုင် ၁၂ မိုင် အကွာမှာရှိတဲ့ ပင်လယ်နဲ့ ဝေဟင်ပိုင်နက်အတွင်းကို ဝင်ရောက်လာတဲ့ ဘယ်လိုယာဉ်အမျိုးအစားကိုမဆို ခြွင်းချက်မရှိ မိမိကိုယ်မိမိ ခုခံကာကွယ်ဖို့အတွက် တန်ပြန်တိုက်ခိုက်ခွင့်ကို ကျင့်သုံးသွားမယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။
ထိုင်ဝမ်သမ္မတ ဆိုင်-အင်ဝမ် က တရုတ်ရဲ့ရန်စမှုတွေကို ပြင်းပြင်းထန်ထန် တန်ပြန်အရေးယူဖို့ စစ်တပ်ကို အမိန့်ပေးခဲ့ပြီးနောက် မကြာခင်မှာပဲ တရုတ်ဘက်က မောင်းသူမဲ့ဒရုန်းတစ်စီးကို ပထမဆုံးအကြိမ် မနေ့က သတိပေးပစ်ခတ်ခဲ့ပါတယ်။
ထိုင်ဝမ်ရဲ့ တန်ပြန်တိုက်ခိုက်သွားမယ်ဆိုတာနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဌာနက ပြောရေးဆိုခွင့်ရှိသူက “အရင်ဆုံးပြောပြရမှာက ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ ပြည်နယ်တစ်ခုပါ ကာကွယ်ရေးဝန်ကြီးဌာနဆိုတာလဲ မရှိပါဘူး ထိုင်ဝမ်အဏာပိုင်တွေက သူတိုဟာသူတို့ တုန်လုပ်ခြောက်ခြားနေတာဖြစ်ပါတယ်” လို့ ယနေ့ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အသိပေးခဲ့ပါတယ်။
အမေရိကန် အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီပီလိုစီ ရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်က မီးနဲ့ ဆောကစားတာကို ရှောင်ရှားဖို့ သတိပေးခဲ့ပေမယ့် အမေရိကန်ဘက်က ထိုင်ဝမ်အရေးကို အမြဲအာရုံစိုက်နေတယ်လို့ ဆိုပါတယ်။
တရုတ်ပြည်မကြီးက ထိုင်ဝမ်ကို ကိုယ်ပိုင်ကျွန်းအဖြစ် သတ်မှတ်ထားပေမယ့် တရုတ်ဟာ ကျွန်းကို ဘယ်တုန်းကမျှ မအုပ်ချုပ်ဖူးခဲ့တဲ့အတွက် ထိုင်ဝမ်ပြည်သူတွေကသာ ထိုင်ဝမ်အရေးကို ဆုံးဖြတ်နိုင်တယ်လို့ အတိအလင်းပြောဆိုထားပါတယ်။
— ကိုးကား —
ရိုက်တာ
ref; Taiwan vows counter-attack if Chinese forces enter its territory

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။