Trending Now


Spread the love

 
EPN
မိုးညှင်း၊ဧပြီ
 
ကချင်ပြည်နယ်၊မိုးညှင်းမြို့၊ထီးလင်းဘုရားပွဲတွင်ယနေ့၊ နံနက်​()နာရီခွဲအချိန်ခန့်က လူငယ်အမျိုးသားတစ်ဦးဓားထိုးခံရပြီးကျူးလွန်သူ လူငယ်အမျိုးသားနှစ်ဦးအား ဖမ်းဆီးထိန်းသိမ်းထားကြောင် မိုးညှင်းမြို့မရဲစခန်းမှသိရသည်။
အဆိုပါဓားထိုးခံရသူမှာမောင်ရာဇာထွန်းဖြစ်ပြီး ၎င်းသည်ဧပြီ ()ရက် ညနေ ()နာရီခွဲ အချိန်ခန့်က ပင့်သာကျေးရွာမှသူငယ်ချင်းများနှင့်အတူ မိုးညှင်းမြို့ ထီးလင်းဘုရားပွဲသို့ပွဲကြည့်သွားခဲ့ရာယင်းည(၁၀)နာရီအချိန်ခန့်တွင်ယောက္ဖဖြစ်သူ မောင်ပိုင်စိုးဝေနှင့်မမိုးစန္ဒာတို့ကိုတွေ့ခဲ့သဖြင့်၎င်းတို့နှင့်အတူ ဇာတ်ပွဲအား မိုးလင်းထိဆက်လက်ကြည့်ရှုခဲ့ကြောင် ဧပြီ()ရက်နေ့၊ နံနက်()နာရီခွဲအချိန်ခန့်၌မမိုးစန္ဒာမှအပေါ့အပါးသွားချင်သည်ဟုပြောဆိုသဖြင့်မမိုးစန္ဒာကိုဘုန်းကြီးကျောင်းဝင်းအတွင်းရှိအိမ်သာဘက်သို့ လိုက်ပို့ပေးခဲ့ပြီး ၎င်းက ဘုန်းကြီးကျောင်းအပြင်ဘက်၌တစ်ယောက်တည်စောင့်ဆိုင်းနေစဉ် အမျိုးသား()ဦးရောက်ရှိလာပြီး တစ်ဦးက ရာဇာထွန်းအား လက်တီးဖြင့်ထိုးပြီးနောက်တစ်ဦးကစတီးခေါက်ဓားဖြင့်()ချက်ထိုးခဲ့ကြောင် ယင်းသို့ဖြစ်ပွားပြီးနောက်ပွဲခင်းလုံခြုံရေးယူထားသောနားခါအုပ်ချူပ်ရေးမှူးဦးမြင့်အေးနှင့်ဌာနဆိုင်ရာအဖွဲ့တို့မှကြားသိကာအချိန်မှီရောက်ရှိလာပြီး ၎င်းအား မိုးညှင်းပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့သဖြင့်ယင်းဆေးရုံတွင်(မစိုးရိမ်ရ) အတွင်းလူနာအဖြစ်ဆေးကုသမှုခံယူနေရပုံကိုမိခင်ဖြစ်သူအားပြောပြခဲ့သည်ဟုရဲမှတ်တမ်းအရသိရသည်။
 
ဓားထိုးခံရမှုကြောင် မောင်ရာဇာထွန်းမှာဝဲဘက်ရင်အုံတွင်၁လက္ခခန့်ထိုးသွင်းဒဏ်ရာ()ချက် ဝဲဘက်နံစောင်း လက္မဝက်ခန့်ထိုးသွင်းဒဏ်ရာ()ချက် (မစိုးရိမ်ရ)ဒဏ်ရာရှိခဲ့ကာ ၎င်း၏မိခင်​ ​ဒေါ်ခင်မြင့်မှ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင် ကျူးလွန်သူ ကျော်ဇင်မြင့်()တက်တူး၊ အသက်​(၁၉)နှစ် မြို့ဟောင်းရပ်ကွက်မကွေးမြို့မကွေးတိုင်းဒေသကြီးနေသူနှင့်နေမျိုးဝင်း()မွှေးနီ၊ အသက်​(၂၀)နှစ် နန္ဒဝင်ရပ်ကွက် နယ်မြေ()မုံရွာမြို့ စစ်ကိုင်း တိုင်းဒေသကြီးနေထိုင်သူတို့အားမိုးညှင်းမြို့မရဲစခန်းက()၆၉/၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ(၃၂၆၁၄၄)တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။
 
မိုးမြင်
———————————-
မိုးညှင်းမြို့ ထီးလင်းဘုရားပွဲတွင် လူငယ်တစ်ဦး ဓားထိုးခံရပြီး ကျူးလွန်သူလူငယ်နှစ်ဦးအားဖမ်းဆီး 

EPN
မိုးညှင်း၊ ဧပြီ ၄ 

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ ထီးလင်းဘုရားပွဲတွင်ယနေ့၊ နံနက်(၁)နာရီခွဲအချိန်ခန့်က လူငယ်အမျိုးသားတစ်ဦး ဓားထိုးခံရပြီး ကျူးလွန်သူ လူငယ်အမျိုးသားနှစ်ဦးအား ဖမ်းဆီးထိန်းသိမ်းထားကြောင်း မိုးညှင်းမြို့မရဲစခန်းမှ သိရသည်။

အဆိုပါဓားထိုးခံရသူမှာ မောင်ရာဇာထွန်းဖြစ်ပြီး ၎င်းသည် ဧပြီ (၃)ရက် ညနေ (၆)နာရီခွဲ အချိန်ခန့်က ပင့်သာကျေးရွာမှသူငယ်ချင်းများနှင့်အတူ မိုးညှင်းမြို့ ထီးလင်းဘုရားပွဲသို့ပွဲကြည့်သွားခဲ့ရာ ယင်းည(၁၀)နာရီအချိန်ခန့်တွင် ယောက္ဖဖြစ်သူ မောင်ပိုင်စိုးဝေနှင့်မမိုးစန္ဒာတို့ကို တွေ့ခဲ့သဖြင့် ၎င်းတို့နှင့်အတူ ဇာတ်ပွဲအား မိုးလင်းထိဆက်လက် ကြည့်ရှုခဲ့ကြောင်း ဧပြီ(၄)ရက်နေ့၊ နံနက်(၁)နာရီခွဲအချိန်ခန့်၌ မမိုးစန္ဒာမှ အပေါ့အပါးသွားချင်သည်ဟု ပြောဆိုသဖြင့် မမိုးစန္ဒာကို ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ အိမ်သာဘက်သို့ လိုက်ပို့ပေးခဲ့ပြီး ၎င်းက ဘုန်းကြီးကျောင်းအပြင်ဘက်၌ တစ်ယောက်တည်းစောင့်ဆိုင်းနေစဉ် အမျိုးသား(၂)ဦး ရောက်ရှိလာပြီး တစ်ဦးက ရာဇာထွန်းအား လက်တီးဖြင့်ထိုးပြီး နောက်တစ်ဦးကစတီးခေါက်ဓားဖြင့်(၂)ချက်ထိုးခဲ့ကြောင်း ယင်းသို့ဖြစ်ပွားပြီးနောက် ပွဲခင်းလုံခြုံရေးယူထားသော နားခါအုပ်ချူပ်ရေးမှူး ဦးမြင့်အေးနှင့် ဌာနဆိုင်ရာအဖွဲ့တို့မှ ကြားသိကာအချိန်မှီရောက်ရှိလာပြီး ၎င်းအား မိုးညှင်းပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့သဖြင့် ယင်းဆေးရုံတွင် (မစိုးရိမ်ရ) အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရပုံကို မိခင်ဖြစ်သူအား ပြောပြခဲ့သည်ဟု ရဲမှတ်တမ်းအရ သိရသည်။ 

ဓားထိုးခံရမှုကြောင့် မောင်ရာဇာထွန်းမှာဝဲဘက်ရင်အုံတွင် ၁လက္ခခန့်ထိုးသွင်းဒဏ်ရာ (၁)ချက် ဝဲဘက်နံစောင်း လက္မဝက်ခန့်ထိုးသွင်းဒဏ်ရာ(၁)ချက် (မစိုးရိမ်ရ)ဒဏ်ရာရှိခဲ့ကာ ၎င်း၏မိခင် ဒေါ်ခင်မြင့်မှ တရားလိုပြုလုပ်တိုင်တန်းခဲ့သဖြင့် ကျူးလွန်သူ ကျော်ဇင်မြင့်(ခ)တက်တူး၊ အသက်(၁၉)နှစ် မြို့ဟောင်းရပ်ကွက်မကွေးမြို့မကွေးတိုင်းဒေသကြီးနေသူနှင့်နေမျိုးဝင်း(ခ)မွှေးနီ၊ အသက်(၂၀)နှစ် နန္ဒဝင်ရပ်ကွက် နယ်မြေ(၆)မုံရွာမြို့ စစ်ကိုင်း တိုင်းဒေသကြီးနေထိုင်သူတို့အား မိုးညှင်းမြို့မရဲစခန်းက (ပ)၆၉/၁၉၊ ရာဇသတ်ကြီးဥပဒေပုဒ်မ (၃၂၆-၁၄၄)တို့ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်းသိရသည်။ 

မိုးမြင့်
 

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။