Trending Now

မဟာသင်္ကြန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှုမပျက် ထိန်းသိမ်းဆင်နွှဲရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ထုတ်ပြန်

Spread the love

မဟာသင်္ကြန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှုမပျက် ထိန်းသိမ်းဆင်နွှဲရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ထုတ်ပြန်

EPN
မြစ်ကြီးနား၊ ဧပြီ ၇

မကြာခင်ကျရောက်တော့မည့် ယခု ၁၃၈၃ ခုနှစ် မဟာသင်္ကြန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှုမပျက် ထိန်းသိမ်းဆင်နွှဲရန် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယနေ့ ထုတ်ပြန်ခဲ့သည်။

ရှေးယခင်ကစပြီး အတာသင်္ကြန်ကာလတွင် သက်ကြီးဝါကြီးများအား ပူဇော်သက္ကာယပြုခြင်း၊ ရှင်ပြုရဟန်းခံအလှူတော်မင်္ဂလာများကျင်းပခြင်း နှင့် တိရစ္ဆာန်များအားဘေးမဲ့လွှတ်ခြင်း စသည့် မင်္ဂလာ အမှုတို့ ကို ပြုကြကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော်လည်း ယနေ့ခတ် လူငယ်တို့သဘာဝ အပျော်လွန်ရာမှ ကြမ်းတမ်းစွာ ရေကစားခြင်းဖြင့် တစ်ဖက်သားအား အနာတရ ဖြစ်စေခြင်း၊ တစ်ဖက်သား မခံမရနိုင်ဖြစ်သည်အထိ နောက်ပြောင်မိခြင်း၊ ခိုက်ရန် ဖြစ်ပွားခြင်း တို့အား ဖြစ်နိုင်ကြောင်း သတိပေး ပြောဆိုထားသည်။

သို့ဖြစ်ပါ၍ မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့စိရိုက်နှင့် ဖီလာဆန့်ကျင်ပြီး မြန်မာလူမျိုးများ၏ အမြင်တွင် မတင့်တယ်သည့် နေထိုင်မှု၊ ပြုမူမှုများ ရှောင်ကြဉ်ရန်၊ ဘာသာတရား၏ အဆုံးအမနှင့် မလျော်ညီသည့် ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုမှုများအား ရှောင်ကြည်ရန်၊ သူတစ်ပါးအားဒဏ်ရာအနာတရဖြစ်စေပြီး အန္တရာယ်ဖြစ်စေမည့် ကြမ်းတမ်းသည့် ရေကစားမှု၊ ထိပါးနှောက်ယှက်မှုများအား ရှောင်ကြဉ်ရန် ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

သူတစ်ပါး သို့မဟုတ် အဖွဲ့အစည်းတို့၏ ဂုဏ်သိက္ခာ ပျက်ပြားထိခိုက်စေရန် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြောဆိုခြင်း၊ သံချပ်ထိုးခြင်း၊ သီချင်းဆိုခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်း စသည့်အပြုအမူများအားရှောင်ကြဉ်ကြရန်၊ မြန်မာ့ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းမြတ်နိုးတတ်သော အများပြည်သူတို့၏ အမြင်အာရုံတွင် အနှောက်အယှက်ဖြစ်စေတတ်သည့် မြန်မာ့ယဉ်ကျေးမှုလွန် ဝတ်စားဆင်ယင်မှုမျိုး ဝတ်ဆင်ခြင်းယင်ခြင်း မပြုကြရန်လည်း ထည့်သွင်းဖော်ပြထားသည်။

အဆိုပါထုတ်ပြန်ချက်သည် မြန်မာ့ရိုးရာယဉ်ကျေးမှုအစဉ်အလာ ထိန်းသိမ်းရမည်ကို ပြည်သူလူထုအား အသိပေး ထုတ်ပြန်ခြင်းဖြစ်ပြီး စည်းကမ်းများနှင့် မညီညွတ်ပါက ဥပဒေနှင့် အညီဆောင်ရွက်ရမည့် အဖွဲ့အစည်းများလည်း ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။