Trending Now

အိန္ဒိယနိုင်ငံရှိ ဖယောင်းတိုင်စက်ရုံ မီးလောင်မှုတွင် ရှစ်ဦးသေ၊ သုံးဦး ဒဏ်ရာရ

Spread the love

အိန္ဒိယနိုင်ငံရှိ ဖယောင်းတိုင်စက်ရုံ မီးလောင်မှုတွင် ရှစ်ဦးသေ၊ သုံးဦး ဒဏ်ရာရ

EPN
နိုင်ငံတကာ၊ ဇူလိုင် ၆

အိန္ဒိယနိုင်ငံ၊ ဥတာပရာဒက်ရှ်ပြည်နယ်၊ မိုဒီနာဂါမြို့ရှိ ဖယောင်းတိုင်ထုတ်လုပ်ရေးစက်ရုံတစ်ခု၌ ယမန် နေ့က မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ရာ အမျိုးသမီးခြောက်ဦး အပါအဝင် လူရှစ်ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများ က ပြောကြားသည်။

သေဆုံးသူများတွင် အသက် ၁၆ နှစ်အရွယ် ယောင်္ကျားလေးတစ်ဦးလည်း ပါဝင်ခဲ့သည်။ မီးလောင်မှုအ တွင်း အလုပ်သမား သုံးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ နေ့လည် ၃ နာရီဝန်းကျင်က မီးလောင်မှုဖြစ်ပွားချိန်တွင် မီးသတ်ကားများ၊ ရဲတပ်ဖွဲ့ဝင်များက မိုဒီနာဂါမြို့၊ မီးလောင်မှုဖြစ်ပွားရာ ဘတ်ခွာဝါကျေးရွာသို့ မြန်မြန်ဆန်ဆန် သွားရောက်ခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ် ယိုဂီအဒက်ယာနတ်က သေဆုံးသူများအတွက် ဝမ်းနည်းစကား ပြောကြားခဲ့သည်။ အဆိုပါ ဖယောင်းတိုင်စက်ရုံက တရားဝင် လည်ပတ်ခြင်း ဟုတ် မဟုတ် ရှင်းရှင်းလင်းလင်း မသိခဲ့ရပေ။

မီးလောင်မှုဖြစ်ပွားနေရာမှ ရဲကင်းစခန်း တာဝန်ခံကို တာဝန်ပျက်ကွက်မှုဖြင့် ရာထူးခေတ္တချထားခဲ့သည်။ အဆိုပါစက်ရုံက မွေးနေ့အထိမ်းအမှတ် ဖယောင်းတိုင်များ ထုတ်လုပ်ပြီး ဖယောင်းတိုင်ထုတ်လုပ်ရန် အသုံးပြုခဲ့ သော ပေါက်ကွဲစေသောပစ္စည်းများက မီးလောင်မှုဖြစ်စေခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။

သေဆုံးသူ အလုပ်သမားများ၏ မိသားစုများသို့ ရူပီး လေးသိန်းစီ လျော်ကြေးပေးမည်ဟု အိန္ဒိယအစိုးရ က ကြေညာခဲ့သည်။ မီးလောင်မှုအတွင်း ဒဏ်ရာရရှိသူများကို ရူပီး ၅၀၀၀၀ စီ ပေးမည်ဟု သိရသည်။

–ကိုးကား–
အီကော်နောမစ်တိုင်းမ်
Ref; Eight killed in fire at candle-making factory in Modi Nagar


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။