Trending Now

ပိုလန်နိုင်ငံအတွင်းက ရွာတစ်ရွာကို ရုရှားလုပ် ဒုံးကျည်ထိမှန်ခဲ့လို့ နှစ်ဦးသေဆုံး

Spread the love

ပိုလန်နိုင်ငံအတွင်းက ရွာတစ်ရွာကို ရုရှားလုပ် ဒုံးကျည်ထိမှန်ခဲ့လို့ နှစ်ဦးသေဆုံး

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၁၆

ယူကရိန်းနယ်စပ် ကနေ ၆ ကီလိုမီတာ (၄ မိုင်) အကွာမှာရှိတဲ့ ပိုလန်ရွာတစ်ရွာကို ရုရှားလုပ် ဒုံးကျည်တစ်စင်း ထိမှန်ခဲ့လို့ နှစ်ဦးသေဆုံးခဲ့တယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြထားပါတယ်။

ရုရှားလုပ် ဒုံးကျည်ပေါက်ကွဲမှုကြောင့် စပါးစက်ရုံးအနီးမှာရှိတဲ့ အမျိုးသားနှစ်ဦး သေဆုံးသွားခဲ့ကြောင်း အတည်ပြုခဲ့ပေမယ့် ဘယ်သူက ပစ်လိုက်သလဲဆိုတာကိုတော့ ခိုင်မာတဲ့ သက်သေ အထောက်အထား မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

တကယ်လို့ ဒုံးကျည်ကို ရုရှားက ပစ်ခတ်ခဲ့မယ်ဆိုပါက နေတိုးအဖွဲ့ဝင် တစ်ဦးအပေါ် မော်စကိုရဲ့ ပထမဆုံး တိုက်ခိုက်မှုဖြစ်လာမှာဖြစ်ပြီး အဖွဲ့ဝင်အားလုံး စစ်ရေးအရ ကို ဆင့်ခေါ်မှုတွေ ဖြစ်လာမှာကို စိုးရိမ်မှုတွေ ရှိလာခဲ့ပါတယ်။

လက်ရှိမှာ မဟာမိတ်အဖွဲ့က အခြေအနေတွေကို စောင့်ကြည့်နေပြီး ဒုံးကျည်ပစ်ခတ်မှုကို အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ နေတိုးအတွင်းရေးမှူးချုပ် ဂျင်းမ် က ပြောကြားခဲ့ပါတယ်။

ဒုံးကျည်ပစ်ခတ်မှုဟာ ရုရှားက လုပ်ဆောင်ခဲ့တာလို့ ယူကရိန်းက ပြောဆိုထားပေမယ့် ရုရှား ကာကွယ်ရေးအရာရှိတွေကတော့ စွပ်စွဲချက်ကို ငြင်းဆိုထားပြီး ရုရှားအပေါ် စွပ်စွဲချက်တွေဟာ “တမင်တကာ ရန်စခြင်း” လို့ ခေါ်ဆိုခဲ့ပါတယ်။

— ကိုးကား —
ရိုက်တာ
ref; Missile strike kills two in Poland near Ukraine border

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။