Trending Now

ဆီးရီးယားနယ်စပ်အနီး တူရကီနိုင်ငံမှာ ငလျင်လှုပ်ခတ်ပြီးနောက် လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့

Spread the love

ဆီးရီးယားနယ်စပ်အနီး တူရကီနိုင်ငံမှာ ငလျင်လှုပ်ခတ်ပြီးနောက် လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၆

ရစ်ခ်ျတာစကေး ၇.၈ ရှိတဲ့ ငလျင်ကြောင့် တူရကီ အရှေ့တောင်ပိုင်းနဲ့ ဆီးရီးယား မြောက်ပိုင်းမှာ အဆောက်အဦ အများအပြား ပြိုကျခဲ့ပြီးနောက် လူပေါင်း ၁၀၀ ကျော်သေဆုံးခဲ့ပါတယ်။

ငလျင်ဟာ လူတွေအိပ်ပျော်နေချိန် တနင်္လာနေ့နံနက် ဒေသစံတော်ချိန် နံနက် ၄ နာရီ ၁၇ မိနစ်မှာ အနက် ၁၁ မိုင်ခန့်က လုပ်ခတ်ခဲ့တာဖြစ်ပြီး နောက်ဆက်တွဲငလျင် ခြောက်ကြိမ်ထက်မနည်းရှိခဲ့ကြောင်း တူရကီပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

ငလျင်ကြောင့် တူရကီနိုင်ငံမှာ လူပေါင်း ၇၆ ဦး သေဆုံးခဲ့ပြီး ၄၄၀ ဒဏ်ရာရရှိခဲ့တယ်လို့ တူရကီ ဘေးအန္တရာယ်နှင့် အရေးပေါ်စီမံခန့်ခွဲမှု အာဏာပိုင်အဖွဲ့ (AFAD) က ကနဦး အစီရင်ခံထားပါတယ်။

ဆီးရီးယားနိုင်ငံပိုင် သတင်းစာရဲ့ ဖော်ပြချက်အရ အလက်ပို၊ ဟာမာ နဲ့ လာတက်ကီယာပြည်နယ်တွေမှာ လူပေါင်း ၄၂ ဦး သေဆုံးခဲ့ပြီး ၂၀၀ ကျော် ဒဏ်ရရှိခဲ့တယ်လို့ သိရပါတယ်။

တူရကီ ပြည်ထဲရေးဝန်ကြီး Suleyman Soylu က ပျက်စီးသွားတဲ့ အဆောက်အဦးတွေထဲကို လူတွေမဝင်ရောက်ကြဖို့ တိုက်တွန်းထားပြီး “ကျွန်တော်တို့ရဲ့ ဦးစားပေးက ပျက်စီးနေတဲ့ အဆောက်အဦတွေအောက်မှာ ပိတ်မိနေတဲ့လူတွေကို ခေါ်ထုတ်ပြီး ဆေးရုံကို လွှဲပြောင်းပေးဖို့ပါပဲ” လို့ ပြောဆိုခဲ့ပါတယ်။

ငလျင်လှုပ်ခတ်ခဲ့တဲ့နေရာတွေို ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအဖွဲ့တွေကို ချက်ချင်းစေလွတ်ခဲ့ကြောင်း  တူရကီသမ္မတ ရီဆက်တေယစ်အာဒိုဂန်က တွစ်တာမှာ ပြောကြားခဲ့ပါတယ်။

Alajazeera / ref; Dozens dead as powerful earthquake shakes Turkey, Syria

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။