Trending Now

မြန်မာနိုင်ငံက သံတမန်ဆက်ဆံရေးနဲ့ ခရီးသွားဝန်ဆောင်မှု မြှင့်တင်ဖို့အတွက် နောက်ထပ်လေးနိုင်ငံကို ဗီဇာကင်းလွတ်ခွင့်ပြု

Spread the love

မြန်မာနိုင်ငံက သံတမန်ဆက်ဆံရေးနဲ့ ခရီးသွားဝန်ဆောင်မှု မြှင့်တင်ဖို့အတွက် နောက်ထပ်လေးနိုင်ငံကို ဗီဇာကင်းလွတ်ခွင့်ပြု

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၂၂

မြန်မာနိုင်ငံက သံတမန်ဆက်ဆံရေးနဲ့ ခရီးသွားဝန်ဆောင်မှု မြှင့်တင်ဖို့အတွက် ဘီလာရုစ်၊ မော်ရိုကို၊ နီပေါ၊ ဂျပန်နိုင်ငံတို့က သံတမန်နဲ့ အထူးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားတဲ့ ခရီးသွားတွေကို ဗီဇာကင်းလွတ်ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံနဲ့ ယင်းနိုင်ငံတို့ကြား သံတမန်ဆက်ဆံရေး ခိုင်မာစေဖို့နဲ့ ခရီးသွားလာရေးမြှင့်တင်ဖို့ ရည်ရွယ်ထားပြီး အပြန်အလှန် ဗီဇာသဘောတူညီချက် တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါနိုင်ငံတွေက သံတမန်တွေနဲ့ အထူးနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူတွေဟာ ဗီဇာမလိုအပ်ဘဲ ရက်ပေါင်း ၃၀ ကနေ ရက်ပေါင်း ၉၀ အထိ မြန်မာနိုင်ငံအတွင်း နေထိုင်နိုင်မယ်လို့ သိရပါတယ်။

အဆိုပါလေးနိုင်ငံအပြင် ဘင်္ဂလားဒေ့ရှ်၊ ဘရာဇီး၊ တရုတ်၊ ကိုလံဘီယာ၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ မွန်ဂိုလီးယား၊ ရုရှား၊ ဆားဗီးယား၊ သီရိလင်္ကာနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကိုလည်း မြန်မာနိုင်ငံက ဗီဇာကင်းလွတ်ခွင့်ပြုထားတယ်လို့ သိရပါတယ်။
အဆိုပါအစီအမံတွေက မြန်မာနိုင်ငံအတွင်း ခရီးသွားဝင်ရောက်မှု တိုးမြင့်လာဖို့ မျှော်မှန်းထားတယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန လက်ထောက် အမြဲတမ်းအတွင်းဝန် ဦးလှမြင့်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၃ ခုနှစ် ပထမရှစ်လအတွင်း နိုင်ငံတကာခရီးသွား စုစုပေါင်း ၇၅၁,၂၁၆ ဦးကို ဆွဲဆောင်ခဲ့တယ်လို့ ရီးသွားလုပ်ငန်း ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ref; xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။