Trending Now


Spread the love

ဝိုင်မော်မြို့တွင် မြစ်ဆုံစီမံကိန်းအပြီးတိုင်ရပ်ဆိုင်ရေးဆန္ဒဖော်ထုတ်မည်
EPN
ဝိုင်မော်၊ ဧပြီ ၁၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်မော်မြို့တွင်မြစ်ဆုံစီမံကိန်းအပြီးတိုင်ရပ်ဆိုင်းရေးအတွက် ဒေသခံများမှ ဧပြီလ ၂၂ရက်နေ့တွင် ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ပြီး ဒေသခံလူဦးရေအင်အား ၄၀၀၀ဦးခန့် ပါဝင်မည်ဖြစ်ကြောင်း ပွဲဖြစ်​​မြှောက်​​ရေးကော်မတီအကြံပေးထံမှ သိရသည်။  

အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် ဝိုင်းမော်မြို့နယ်အတွင်းရှိ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံမှဒေသခံများ စုစုပေါင်းအင်အား ၄၀၀၀ခန့် ပါဝင်မည်ဖြစ်ပြီး ဧပြီလ၂၂ရက်​​ တနင်္လာနေ့၊ နံနက်၉နာရီမှ နေ့လည်၁၂နာရီ အထိ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်သွားမည်ဖြစ်​​ကြောင်ကော်မတီအကြံပေး ရှေ့နေဦးဂဲနက်စ်ကပြောသည်။ 

ဧပြီလ ၂၂ နံနက် ၉နာရီအချိန်တွင် ဝိုင်မော်မြို့၊ ရပ်ကွက် ၃အတွင်းရှိ လော်​​ဝေါ်ဗိမန်​​တော်မှ စတင်ထွက်ခွာကာ ရပ်ကွက်၎ရှိ သာဂရသရက်​​တောကျောင်း၊ ထိုမှတစ်ဆင့် ဝိုင်မော်ကူးတို့ဆိပ်၊ ဆက်လက်၍ ဝိုင်မော်မြို့မှကြိုဆိုပါ၏ဆိုင်းဘုတ်အထိ စီတန်းလှည်လည်ဆန္ဒဖော်ထုတ်ကာ လော်​​ဝေါ်ဗိမန်​​တော်တွင် ပြန်လည် စုဝေးမည်ဖြစ်​​ကြောင်း သိရသည်။ 
မီးမီး
 ——————————————————–
ဝိုင်းမော်မြို့တွင် မြစ်ဆုံစီမံကိန်းအပြီးတိုင်ရပ်ဆိုင်းရေးဆန္ဒဖော်ထုတ်မည်

EPN
ဝိုင်းမော်၊ ဧပြီ ၁၉

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့တွင်  မြစ်ဆုံစီမံကိန်းအပြီးတိုင်ရပ်ဆိုင်းရေးအတွက် ဒေသခံများမှ ဧပြီလ ၂၂ရက်နေ့တွင် ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ပြီး ဒေသခံလူဦးရေအင်အား ၄၀၀၀ဦးခန့် ပါဝင်မည်ဖြစ်ကြောင်း ပွဲဖြစ်မြှောက်ရေးကော်မတီအကြံပေးထံမှ သိရသည်။

အဆိုပါဆန္ဒဖော်ထုတ်ပွဲတွင် ဝိုင်းမော်မြို့နယ်အတွင်းရှိ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံမှ ဒေသခံများ စုစုပေါင်းအင်အား ၄၀၀၀ခန့် ပါဝင်မည်ဖြစ်ပြီး ဧပြီလ၂၂ရက် တနင်္လာနေ့၊ နံနက်၉နာရီမှ နေ့လည်၁၂နာရီ အထိ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်သွားမည်ဖြစ်ကြောင်း ကော်မတီအကြံပေး ရှေ့နေဦးဂဲနက်စ်ကပြောသည်။

“ဆန္ဒဖော်ထုတ်ပွဲကို မည်သူမဆိုပူးပေါင်းပါဝင်လို့ရပါတယ်၊ မလိုလားအပ်တာတွေ မဖြစ်ရအောင်လဲ သေချာစောင့်ကြည့်ပြီးလုပ်ဆောင်သွားမှာပါ” ဟု ၎င်းကဆက်ပြောသည်။

ဧပြီလ ၂၂ နံနက် ၉နာရီအချိန်တွင် ဝိုင်းမော်မြို့၊ ရပ်ကွက် ၃အတွင်းရှိ လော်ဝေါ်ဗိမန်တော်မှ စတင်ထွက်ခွာကာ ရပ်ကွက်၄ရှိ သာဂရသရက်တောကျောင်း၊ ထိုမှတစ်ဆင့် ဝိုင်းမော်ကူးတို့ဆိပ်၊ ဆက်လက်၍ ဝိုင်းမော်မြို့မှကြိုဆိုပါ၏ဆိုင်းဘုတ်အထိ စီတန်းလှည်လည်ဆန္ဒဖော်ထုတ်ကာ လော်ဝေါ်ဗိမန်တော်တွင် ပြန်လည် စုဝေးမည်ဖြစ်ကြောင်း သိရသည်။

ဧရာဝတီမြစ်ဝှမ်းအထက်ပိုင်းတွင် စုစုပေါင်းဆည်(၇)ခု တည်ဆောက်မည့် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ပြည်သူများကန့်ကွက်ကြသောကြောင့် ၂၀၁၁ ခုနှစ်ဦးသိန်းစိန်အစိုးရလက်ထက်တွင် ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။

မီးမီး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။