Trending Now

မိုးညှင်းမြို့နယ်အတွင်းက ကားဂိတ်မှာ ကျပ်ငွေ (၂၁၆) သိန်းတန်ဖိုးရှိ ဘိန်းစိမ်းတွေ ဖမ်းဆီးရမိ

Spread the love

မိုးညှင်းမြို့နယ်အတွင်းက ကားဂိတ်မှာ ကျပ်ငွေ (၂၁၆) သိန်းတန်ဖိုးရှိ ဘိန်းစိမ်းတွေ ဖမ်းဆီးရမိ

EPN
မြစ်ကြီးနား ၊ ဇွန် ၂၉

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်အတွင်းက ညောင်ပင်ကျေးရွာ ကားဂိတ်မှာ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးကို ကျပ်ငွေ (၂၁၆) သိန်းတန်ဖိုးရှိ ဘိန်းစိမ်းတွေနဲ့အတူ ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားရာနေရာမှာ ရှိခဲ့တဲ့ ခရီးသည်တစ်ဦး က “သတင်းရလို့ထင်တယ် ရဲတွေက ကားဂိတ်နားမှာ အရပ်ဝတ်တွေနဲ့ စောင့်နေတာ၊ ကျော်ဇင်သန့်ဆိုတဲ့ လူငယ် ကားဂိတ်ကနေ ပစ္စည်းလာထုတ်ယူတဲ့အချိန်ကြမှ သူလာယူတဲ့ ဆာလာအိပ်တွေကို ဖွင့်စစ်ဆေးတော့ အိပ်ထဲကနေ ဘိမ်းစိမ်းတွေ့ တွေ့သွားတာ။” လို့ ပြောပါတယ်။

ကားဂိတ်မှာ ကျော်ဇင်သန့် လာရောက်ထုတ်ယူတဲ့ ဆာလာအိပ်အတွင်းကနေ ဘိမ်းစိမ်းအလေးချိန် ၁၈ ကီလို (ကာလတန်ဖိုး ငွေကျပ် ၂၁၆ သိန်းခန့်)ကို သိမ်းဆည်းရမိခဲ့တာလို့ သိရပါတယ်။

လက်ရှိမှာ ဘိမ်းစိမ်းတွေလက်ဝယ်တွေ့ရှိမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ကျော်ဇင်သန့်(၁၉)နှစ်ကို မိုးညှင်းမြို့မရဲ စခန်းမှာ တရားဥပဒေအရ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

လှဆောင်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။