Trending Now

စစ်ရေးပူးပေါင်းဆောင်ရွက်မှုက တရုတ် -မြန်မာဆက်ဆံရေး မှာ အရေးပါတဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်နေတယ်လို့ တရုတ် သမ္မတ ပြော

Spread the love

စစ်ရေးပူးပေါင်းဆောင်ရွက်မှုက တရုတ်မြန်မာဆက်ဆံရေးမှာ အရေးပါတဲ့ အစိတ်အပိုင်းအဖြစ် ပါဝင်နေတယ်လို့ တရုတ် သမ္မတပြော
EPN
နိုင်ငံတကာ၊ ဧပြီ ၁၁
တရုတ်နိုင်ငံအနေနဲ့မြန်မာနိုင်ငံနဲ့ဆက်ဆံရေး၊ပူးပေါင်းဆောင်ရွက်မှုပိုမိုကောင်းမွန်းမှုအပေါ်နှစ်သက်ကြောင်းတရုတ်သမ္မတရှီကျင့်ဖျင်ကပြောပါတယ်။
 
စစ်ရေးပူးပေါင်းဆောင်ရွက်ှုကတရုတ်မြန်မာဆက်ဆံရေးမှာအဓိကအရေးပါတဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ်ပါဝင်နေကြောင်း၊ဒေသအတွင်းတည်ငြိမ်ရေးနဲ့နှစ်နိုင်ငံပြည်သူတွေလက်တွေ့အကျိူးဖြစ်စေအောင်ပူးပေါင်းဆောင်ရွက်မှုတွေပိုမိုလုပ်ဆောင်သွားမှာဖြစ်ကြောင်းတရုတ်သမ္မတကပြောပါတယ်။တရုတ်သမ္မတဟာဘေးဂျင်းမြို့ဂရိတ်ဟောမှာမြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့ဆုံဆွေးနွေးချိန်မှာအခုလိုမျိုးပြောခဲ့တာဖြစ်ပါတယ်။
 
တရုတ်နိုင်ငံအနေနဲ့မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊နိုင်ငံရေးဖွံ့ဖြိုးမှု၊နဲ့မြန်မာနိုင်ငံမြောက်ပိုင်းလုံခြုံရေးကောင်းမွန်ဖို့ကူညီထောက်ပံပေးသွားမယ်လို့တရုတ်သမ္မတကပြောပါတယ်။
တရုတ်မြန်မာဆက်ဆံရေးကနယ်ပယ်စုံမှာတိုးတက်နေပြီးပိုးလမ်းမစီမံကိန်းကိုပူးတွဲတည်ဆောက်ကာတိုးတက်မှုအသစ်တွေရအောင်လုပ်ဆောင်သွားမယ်လို့သမ္မတရှီကျင့်ဖျင်ကပြောပါတယ်
————————————-
EPN
 
 
 

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။