Trending Now

စစ်ကိုင်းက ရတနာပုံ တံတားဂိတ်မှာ အပြန်အလှန် ပစ်ကြလို့ ၄ ဦးသေ ၊ ၆ ဦး ဒဏ်ရာရ

Spread the love

စစ်ကိုင်းက ရတနာပုံ တံတားဂိတ်မှာ အပြန်အလှန် ပစ်ကြလို့ ၄ ဦးသေ ၊ ၆ ဦး ဒဏ်ရာရ
EPN
စစ်ကိုင်း ၊ သြဂုတ် ၁၇
စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့ ၊ ဧရာဝတီမြစ်ကူး ရတနာပုံ တံတားဂိတ်မှာ ဒီကနေ့မနက် ၈ နာရီဝန်းကျင်က အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ပွားပြီး သေဆုံး ၊ ဒဏ်ရာရတာတွေရှိတယ်လို့ စစ်ကိုင်းမြို့ခံတွေဆီက သိရပါတယ်။
” ရန်ကုန် ဘက်ကနေ စစ်ကိုင်းဘက်ကို ဝင်လာတဲ့ အာကာသ ခရီးသည်တင်ယာဥ်ကို စစ်ဆေးဖို့ ဂိတ်က ရပ်ခိုင်းတဲ့အချိန် ကားပေါ်ကနေ ပစ်တာပါ ” လို့ ဂိတ်တာဝန်ရှိသူ တယောက်က ပြောပါတယ်။
ဒါ့အပြင် စစ်ကိုင်းမြို့နယ် လုံခြုံရေး အဖွဲ့ရုံးနဲ့ နီးစပ်သူ တစ်ဦးက” အကြမ်းဖက် PDF ၂ ဦး သေတယ် နဲ့ ခရီးသည် ၂ ဦးသေတယ် ၊ ၆ ဦးဒဏ်ရာရတယ် ၊ နောက်ပြီး ပစ္စတို သေနတ် ၃ လက်နဲ့ M22 ကျည် ၈၅ တောင့် Shop Gun ၃ လက် အပါအဝင်
အခြားသောစစ်အသုံးဆောင်တွေနဲ့
ခဲယမ်းများသိမ်းဆည်ရမိတယ် ” လို့ပြောပါတယ်။
အဲ့ဒီ ပစ်ခတ်တာတွေဖြစ်ပွားပြီးနောက်ပိုင်း မန္တလေး စစ်ကိုင်း ဖြတ်သန်သွားလာတာကို ယာယီပိတ်ထားပြီး နယ်မြေရှင်းလင်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။