Trending Now

တရုတ်နိုင်ငံမှာ ကိုဗစ်ကူးစက်မှု ပြန်လည်မြင့်တက်လာ

Spread the love

တရုတ်နိုင်ငံမှာ ကိုဗစ်ကူးစက်မှု ပြန်လည်မြင့်တက်လာ

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၁၁

တရုတ်နိုင်ငံမှာ ကိုဗစ်ကူးစက်မှု ပြန်လည်မြင့်တက်လာလို့ ဘေးဂျင်းမြို့တော်က ပန်းခြံတွေကို လော့ဒေါင်းချမှတ်ခဲ့ပြီး မြို့အတွင်းမှာရှိတဲ့ စာသင်ကျောင်းတွေကိုလည်း အွန်လိုင်းကနေသာ သင်ကြားဖို့ညွန်ကြားထားပါတယ်။

ဒီနေ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာ ရောဂါကူးစက်မှုအသစ် ၁၀၇၂၉ ခုကိုထုတ်ပြန်ခဲ့ပြီး ရောဂါကူးစက်ခံရသူ အားလုံးနီးပါးဟာ ရောဂါလက္ခဏာမပြဘဲ ရောဂါတွေ့ရှိခဲ့တာလို့ တရုတ်ပြည်ကျန်းမာရေးအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

လူဦးရေ ၂၁ သန်းကျော်ရှိတဲ့ တရုတ်နိုင်ငံမြို့တော် ဘေဂျင်းမြို့အပါအဝင် ချုံကင်းနဲ့ အခြားမြို့တွေမှာရှိတဲ့ စားသောက်ဆိုင်တွေကို ပိတ်သိမ်းကာ ဝန်ထမ်းအချို့ကို ကျန်းမာရေးဌာနက လာရောက်ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ခရီးအသွားအလာတွေကိုလည်း ကန့်သတ်ထားပြီး အစိုးရက သီးသန့်ခွဲထားဖို့ လိုအပ်မယ့် အချိန်ကို လျော့ချပေးမယ်လို့ ပြောဆိုထားပေမယ့် ဘယ်လိုမှုဝါဒကို ကျင့်သုံးမလဲဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

တရုတ်နိုင်ငံဟာ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်ကတည်းက အခြားနိုင်ငံတွေလို ကိုဗစ်နဲ့ ယှဉ်တွဲနေထိုင်ရေးကို မကျင့်သုံးဘဲ ရောဂါလုံးဝကင်းစင်သည်အထိ တိုက်ထုတ်သွားဖို့ ရည်ရွယ်ထားတဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။

— ကိုးကား —
AP
Ref; China reports 10,000 new virus cases, capital closes parks

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။