Trending Now

ရေးမြို့နယ်တွင် ကုန်တင်ယာဉ် နှစ်စီးတိုက်မှု ဖြစ်ပွားပြီး ယာဉ်မောင်းအမျိုးသားတစ်ဦး သေဆုံး

Spread the love

ရေးမြို့နယ်တွင် ကုန်တင်ယာဉ် နှစ်စီးတိုက်မှု ဖြစ်ပွားပြီး ယာဉ်မောင်းအမျိုးသားတစ်ဦး သေဆုံး

EPN
ရေး၊ စက်တင်ဘာ ၁၄ (၂၀၂၃)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ ရေး-သံဖြူဇရပ် ကားလမ်းပေါ် ကွမ်ကျိုက်တံတားအနီးတွင် ကုန်တင် ယာဉ်နှစ်စီးတိုက်မှု ဖြစ်ပွားခဲ့ပြီး ကုန်တင်ယာဉ်တစ်စီး မီးလောင်ခဲ့ကာ ယာဉ်မောင်း အမျိုးသား တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၁၃ ရက် ညနေ ၅ နာရီခွဲ ခန့်ကရေးမြို့မှ သံဖြူဇရပ်မြို့သို့မောင်းလာသည့် ရော်ဘာထုလုံးများတင် ဆောင်လာသော ယာဉ်အားကွမ်းသီးများ သယ်ဆောင်လာ သည့် ၁၂ ဘီးကုန်တင်ယာဉ်ကအနောက်မှဝင်ရောက် တိုက်မိခဲ့ခြင်းဖြစ်သည်။

ထိုသို့ယာဉ်တိုက်မှုကြောင့် ကွမ်းသီးများ တင်ဆောင်လာ သည့် ၁၂ ဘီးကုန်တင်ယာဉ်မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၁၂ ဘီး ကုန်တင်ယာဉ်မောင်း အသက် ၃၀ ကျော်အရွယ် အမျိုးသားသည် ဖြစ်စဉ်ဖြစ်ပွားသည့်နေရာ၌ မီးလောင် သေဆုံးခဲ့ကြောင်း သွားရောက်ကူညီ ဆောင်ရွက်ခဲ့သူ တစ်ဦးက ပြောသည်။

”ယာဉ်တိုက်မှုဖြစ်ပြီး အရှိန်နဲ့မီထလောင်တာ၊မီးလောင် မှုကြောင့် ၁၂ ဘီးကုန်တင်ယာဉ်မောင်းဖြစ်သူကကား ခေါင်းခန်းထဲမှာ ညှပ်ပြီး မီးလောင် သေဆုံးခဲ့တာ၊ ကျန်တဲ့ ယာဉ်မောင်းကတော့ ဒဏ်ရာအနည်းအငယ်လောက်ပဲ ရတယ်။”ဟု ၎င်းကပြောသည်။

အဆိုပါ ဖြစ်စဉ်အား လမိုင်းနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်ဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းများ၊ ဒေသခံပြည်သူများဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ယာဉ်တိုက်ဖြစ်စဉ်ကြောင့် သေဆုံးခဲ့သည့် ၁၂ ဘီးကုန်တင်ယာဉ်မောင်း၏ ရုပ်အလောင်းအား ရေးမြို့နယ်၊ လမိုင်းမြို့ ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ ပို့ဆောင်ဆောင်ပေးခဲ့ကြောင်း သိရသည်။

အလင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။