Trending Now

ဖေ့စ်ဘုတ်သည် ဘရားဇီး ရွေးကောက်ပွဲအတွက် မဟုတ်မမှန်သတင်းများပါဝင်သော ကြော်ညာများကို ဖယ်ရှားရန်ပျက်ကွက်ခဲ့

Spread the love

ဖေ့စ်ဘုတ်သည် ဘရားဇီး ရွေးကောက်ပွဲအတွက် မဟုတ်မမှန်သတင်းများပါဝင်သော ကြော်ညာများကို ဖယ်ရှားရန်ပျက်ကွက်ခဲ့

EPN
နိုင်ငံတကာ၊ သြဂုတ် ၁၆

ဖေ့စ်ဘုတ်သည် အောက်တိုဘာလတွင် ကျင်ပမည့် ဘရားဇီးရွေးကောက် ပွဲအတွက် မဟုတ်မမှန်သတင်းများပါဝင်သော ကြော်ညာများ ဖယ်ရှားရန်ပျက်ကွက်ခဲ့ကြောင်း လူ့အခွင့်အရေးအဖွဲ့ Global Witness ၏ အစီရင်ခံစာသစ်က ထုတ်ပြန်လိုက်သည်။

ရွေးကောက်ပွဲ သတင်း မဟုတ်မမှန် ပါဝင်သည့် ဘရာဇီး ပေါ်တူဂီဘာသာဖြင့် ကြော်ငြာ ၁၀ ခု တွေ့ရှိခဲ့ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ က ယမန်နေ့က ပြောကြားခဲ့သည်။ ကြော်ညာများတွင် မဲပေးရမည့်နေရာနှင့် ပတ်သက်သည့် မမှန်မကန်ပြောဆိုမှုများ နှင့် ရွေကောက်ပွဲအား ထိခိုက်စေသည့် အခြားသတင်းအမှားများ ပါဝင်သည်ဟုဆိုသည်။

ဘရာဇီးနိုင်ငံသည် အောက်တိုဘာလမဲခွဲပွဲအတွက် တင်းတင်းကျပ်ကျပ် ပြင်ဆင်နေချိန်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး “ကြောက်စရာကောင်းတာက ရွေးကောက်ပွဲ မဟုတ်မမှန် လုပ်ကြံတဲ့ ကြော်ညာတွေအားလုံးကို ဖေစ်ဘုတ်မှာ မြင်တွေ့ရတာပါ” ဟု Global Witness မှ ပြောကြားခဲ့သည်။

ဘရာဇီးနိုင်ငံ၏ အောက်တိုဘာ ၂ ရက်မဲပေးပွဲနှင့်ပတ်သက်သည့် သတင်းမှားများသည် လအတော်ကြာ စိုးရိမ်စရာဖြစ်ခဲ့ပြီး ဖေ့စ်ဘုတ်သည် ဘရာဇီးနိုင်ငံသားများကို သတင်းမှားများမှ လုံလောက်စွာကာကွယ်ရန် ပျက်ကွက်နေသည်ဟု Global Witness က ၎င်း၏အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆိုရှယ်မီဒီယာကုမ္ပဏီကြီးကလည်း ယခင်ဘရာဇီးရွေးကောက်ပွဲတွင် ရွေးကောက်ပွဲမူဝါဒများကို ချိုးဖောက်သည့် Facebook နှင့် Instagram တို့မှ ပို့စ်ပေါင်း ၁၄၀,၀၀၀ ကို ဖယ်ရှားခဲ့ပြီး ခွင့်ပြုချက်မရှိသည့် နိုင်ငံရေးကြော်ငြာ ၂၅၀,၀၀၀ ကို ပယ်ချခဲ့သည် ဟု ပြောကြားခဲ့သည်။

Source – aljazeera

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။