Trending Now

မှတ်ပုံတင်ပြသနိုင်မှသာ ခရီးသွားလာရမည်ဟုထုတ်ပြန်ပြီး‌နောက် တနိုင်းမြို့ရှိအ‌ဝေးပြေးကားဂိတ်များ သွားလာမူနည်းပါးလာ

Spread the love

မှတ်ပုံတင်ပြသနိုင်မှသာ ခရီးသွားလာရမည်ဟုထုတ်ပြန်ပြီး‌နောက် တနိုင်းမြို့ရှိအ‌ဝေးပြေးကားဂိတ်များ သွားလာမူနည်းပါးလာ

EPN
မြစ်ကြီးနား ၊ ဧပြီ ၄

ကချင်ပြည်နယ်ရှိ အဝေးပြေးယာဉ်လိုင်းများတွင် ခရီးသည်များမှတ်ပုံတင်ဖြင့်သာ ခရီးသွားလာရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည့်အတွက် သင်္ကြန်ကာလ ဖြစ်သော်လည်း တနိုင်းအဝေးပြေးယာဉ်လိုင်းများ၌ ခရီးသွားလာသူနည်းပါးလာကြောင်း တနိုင်းမြို့ရှိ အဝေးပြေးယာဉ်လိုင်းများမှ သိရသည်။

အဝေးပြေးမော်တော်ယာဉ်လိုင်းများ အသုံးပြုကာ ခရီးသွားလာမည့် ခရီးသည်များအနေဖြင့် ဧပြီ (၁)ရက်နေ့မှ စတင်ကာ နိုင်ငံသားစီစစ်ရေး ကတ် (မှတ်ပုံတင်) ပြသနိုင်မှသာ ခရီးသွားလာခွင့်ရနိုင်ကြောင်း ထုတ်ပြန်ထားသည်။

“ယခုလကသင်္ကြန်ကာလ‌ဆိုတော့ ခရီးသည်တွေများမယ်လို့ထင်ခဲ့တာပေါ့၊အရင်နှစ်တွေဆိုဒီချိန်ခရီးသွားလာမူက အဆက်မပြတ်ပဲဟုတ်တယ်၊အခုလည်းမသွားတာတော့မဟုတ်ဘူးပေါ့ ပုံမှန်တိုင်းတော့ပြေးဆွဲတယ်ဒါပေမဲ့ မှတ်ပုံတင်ပါမှသွားလို့ရမယ်ဆိုတော့ခရီးသည်တွေပါးလာတာ သိသိသာသာပါပဲ”ဟု တနိုင်းမြို့ကားဂိတ်ရှိတာဝန်ခံတစ်ဦးကဆိုသည်။

ယခင်ကာလတွင်ခရီးသွားလာရာတွင် ခရီးသည်များ မှတ်ပုံတင်မရှိပါက ရပ်ကွက်ထောက်ခံစာများ၊ယာဉ်မောင်းလိုင်စင်များဖြင့်သွားလာနိုင်သော်လည်းယခုအခါတွင်သွားလာ၍မရနိုင်သောကြောင့်ခရီးသည်များအရင်ကထက်ပိုနည်းပါးလာခြင်းဖြစ်ကြောင်း ယင်းက‌ပြောသည်။

အဆိုပါ တနိုင်းမြို့တွင် ယဉ်လိုင်းစုစုပေါင်း (၁၂)လိုင်းခန့်ရှိပြီး တနိုင်း-မြစ်ကြီးနား၊ တနိုင်း-ဖားကန့်၊ တနိုင်း-ဗန်းမော်၊ တနိုင်း-မန်းလေး၊ တနိုင်း-ရှင်ဗွေယန်၊နန်းယွန်း၊ပန်ဆောင် စသောမြို့နယ်များသို့ပြေးဆွဲလျှက်ရှိပြီး အဆိုပါကားဂိတ်များ၏ဈေးနုန်းများမှာလည်း ယခင်ကာလအတိုင်းပြောင်းလဲမူမရှိပဲပြေးဆွဲပေးလျက်ရှိကြောင်းသိရသည်။

လင်းယုန်

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။