Trending Now

ဖားကန့် ယူမာရှိ Happy KTV အပေါ်ထပ် မီးလောင်ပျက်စီး

Spread the love

ဖားကန့် ယူမာရှိ Happy KTV အပေါ်ထပ် မီးလောင်ပျက်စီး

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၂၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဖားကန့်ကျောက်စိမ်းမှော်ဒေသ ယူမာကျေးရွာရှိ Happy KTV တွင် ယနေ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ နံနက် ၈ နာရီကျော် ဝန်းကျင်ခန့်က မီးလောင်ကျွမ်းခဲ့ကြောင်း သတင်းရရှိသည်။

မီးလောင်ကျွမ်းမှုအား နံနက် ၉ နာရီခန့်တွင် ငြိမ်းသတ်နိုင်ခဲ့ပြီး KTV အပေါ်ထပ်တစ်ခုလုံး မီးလောင်ကျွမ်း ပျက်စီးသွားခဲ့ရာ ဆုံးရှုံးမှုတန်ဖိုးအနေဖြင့် ငွေကျပ် ၄၅ သိန်းဝန်းကျင်ခန့်ရှိနိုင်ကြောင်း ဖားကန့်မြို့နယ်မီးသတ်ဦးစီးဌာနက ခန့်မှန်းထားသည်။

“မြို့နယ်မီးသတ်ဦးစီးက ခန့်မှန်း သတ်မှတ်ထားတဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးက ၄၅ သိန်းလို့ပြောတယ် ကာရာအိုကေ အခန်းတွေဆိုတော့ ဝါယာရှော့ဖြစ်ရင် မီးလောင်လွယ်တဲ့ ဆိုဖာတွေ မီးလောင်လွယ်တဲ့ ပစ္စည်းတွေရှိတော့ ပေါ်ထပ်တစ်ခုလုံးတော့ မီးလောင်သွားတယ် ” ဟု အရန်မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

အဆိုပါ Happy KTV သည် ယခင် ၂၀၁၉ ခုနှစ်ကလည်း မီးလောင်ကျွမ်းမှု တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ယခုမီးလောင်မှုသည် ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။

ယနေ့ မီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် လူထိခိုက်မှုမရှိသော်လည်း မီးလောင်မှုနှင့်ပတ်သက်ပြီး KTV မန်နေဂျာအား မီးပေါ့ဆမှုဖြင့် နယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။

ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။