Trending Now

အမေရိကန်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် လူ ၁၀၀၀၀၀ ခန့် သေဆုံးနိုင်ဟု သမ္မတ ဒေါ်နယ်ထရမ့် သတိပေး

Spread the love

အမေရိကန်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် လူ ၁၀၀၀၀၀ ခန့် သေဆုံးနိုင်ဟု သမ္မတ ဒေါ်နယ်ထရမ့် သတိပေး

EPN
နိုင်ငံတကာ၊ မေ ၄

အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၁၀၀၀၀၀ ခန့် သေဆုံးနိုင်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်သည်။

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုကို နှေးကွေးစွာ ကိုင်တွယ်ဆောင်ရွက်ခဲ့သည် ဆိုသော စွပ်စွဲချက်ကို သမ္မတ ထရမ့်က ငြင်းဆန်ခဲ့သည်။ အမေရိကန်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် လူပေါင်း ၆၇၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်သည်။

ဒေါ်နယ်ထရမ့်က ကာကွယ်ဆေး စမ်းသပ်ထုတ်လုပ်မှုနှင့်ပတ်သက်၍ အကောင်းမြင်ဝါဒ ဖော်ပြခဲ့ပြီး ကျန်းမာရေးဆိုင် ရာ ကျွမ်းကျင်သူများက ကာကွယ်ဆေးထုတ်လုပ်မှုမှာ တစ်နှစ်မှ တစ်နှစ်ခွဲအထိ ကြာမြင့်မည်ဟု ယုံကြည်သော် လည်း ကာကွယ်ဆေးတစ်မျိုးမှာ ယခုနှစ်အကုန်တွင် အဆင်သင့်ဖြစ်မည်ဟု ပြောကြားလိုက်သည်။

“ကျွန်တော်တို့ အနှေးနဲ့အမြန် ကာကွယ်ဆေးတစ်မျိုး ထုတ်လုပ်နိုင်မယ်လို့ ထင်ပါတယ်” ဟု ဒေါ်နယ်ထ ရမ့်က ပြောသည်။ ကာကွယ်ဆေးထုတ်ရန် တစ်နှစ်ခွဲကြာမြင့်မည်ဟု အမေရိကန် ကူးစက်ရောဂါပညာရှင် ဒေါက်တာ အန် ထော်နီဖော်စီက ပြောကြားခဲ့သလို လာမည့်နှစ်အတွင်း ထိရောက်သော ကာကွယ်ဆေး သို့မဟုတ် ကုသဆေး ထုတ်လုပ်မည့်အခွင့်အရေးများ အလွန်နည်းပါးကြောင်း ဗြိတိန် ဆေးမှူးချုပ် ခရစ်ဝှက်တီက ပြောသည်။

ကိုရိုနာ ဗိုင်းရပ်စ် စတင်ဖြစ်ပွားရာတွင် အစိုးရက မြန်မြန်ဆန်ဆန် ကိုင်တွယ်ခဲ့ခြင်းမရှိဟူသော စွပ်စွဲချက် များကို သမ္မတ ထရမ့်က ပယ်ချခဲ့ပြီး မှန်ကန်စွာ လုပ်ဆောင်ခဲ့ကြောင်း ပြောကြားလိုက်သည်။

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုရပ်တန့်ရန် တရုတ်နိုင်ငံက ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း ၄င်းက စွပ်စွဲခဲ့သည်။
ဒေါ်နယ်ထရမ့်က အမေရိကန် ထောက်လှမ်းရေးမှ တာဝန်ရှိသူများကို ပြစ်တင်ဝေဖန်ခဲ့ပြီး ဇန်နဝါရီလ ၂၃ ရက်အထိ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ သတိပေးမှုများ ပြုလုပ်ခဲ့ခြင်းမရှိဟု စွပ်စွဲခဲ့သည်။

–ကိုး ကား–
ဘီဘီစီ
Ref; Trump warns US death toll could hit 100,000


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။