Trending Now

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ထမင်းဆိုင်၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် များအားလုံး ပါဆယ်သာ ရောင်းချရမည်ဟု ဆို

Spread the love

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ထမင်းဆိုင်၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် များအားလုံး ပါဆယ်သာ ရောင်းချရမည်ဟု ဆို

EPN
မုံရွာ၊ မတ် – ၂၇

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ထမင်းဆိုင်၊ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် များအားလုံး ယနေ့မှစ၍ ဆိုင်ထိုင်စားရောင်းချခြင်း မပြုလုပ်ဘဲ ပါဆယ်သာ ရောင်းချခွင့်ပြုတော့ကြောင်း Covid-19 ကာကွယ် ထိန်းချုပ်ကုသရေး တိုင်းဒေသကြီးအဆင့် လုပ်ငန်းကော်မတီဥက္ကဌ ဒေါက်တာဇော်ဝင်း က လက်မှတ်ထိုး ထုတ်ပြန်ညွှန်ကြားလိုက်သည်။

ညပိုင်းအချိန် စားသောက်ဆိုင်တော်တော်များများမှာ လူဦးရေ ၅၀ ထက်မနှင့်မနည်းရှိနေသည့်အတွက် လျော့ချရန် ဆိုင်ထိုင်စားသောက်ခွင့်မပြုဘဲ ပါဆယ်သာရောင်းချခွင့်ပြုလိုက်သည်။

“ဒီနေ့ ထုတ်ပြန်လိုက်တယ်။တချို့သောစားသောက်ဆိုင်ကြီးတွေက လူ ၅၀နဲ့ ၁၀၀ လောက်အထိရှိကြတယ်။ ညညဆိုဘီယာဆိုင်တွေ စားသောက်ဆိုင်တွေတော်တော်များများ လူဦးရေ ၅၀ အထက်ရှိကြတယ်။ ဒါကြောင့် လူဦးရေလျော့ချချင်တဲ့အတွက် ပါဆယ်သာပဲရောင်းချခွင့်ပြုတာ။ ဆိုင်ထိုင်စားသောက်ခွင့် မပြုတော့ဘူး”ဟု ဒေါက်တာဇော်ဝင်းကပြောသည်။

အဆိုပါညွှန်ကြားချက်ကို လိုက်နာမှုမရှိပါက ၁၉၉၅ ခုနှစ် ကူးစက်ရောဂါများ းကာကွယ်နှိမ်နှင်းရေးဥပဒေ ၊ ၂၀၁၃ ခုနှစ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေတို့ဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် မြို့နယ် ၃၇ မြို့နယ်နှင့်ခရိုင် ၁၀ ခုရှိကြောင်း သိရသည်။

သူရိယထက်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။