Trending Now

ရေဘေးပြန်လည်ထူထောင်ရေးအတွက် ပါကစ္စတန်ကို အမေရိကန်ဒေါ်လာ ၉ ဘီလီယံ အကူအညီပေးဖို့ နိုင်ငံတကာ အသိုက်အဝန်း ကတိပြု

Spread the love

ရေဘေးပြန်လည်ထူထောင်ရေးအတွက် ပါကစ္စတန်ကို အမေရိကန်ဒေါ်လာ ၉ ဘီလီယံ အကူအညီပေးဖို့ နိုင်ငံတကာ အသိုက်အဝန်း ကတိပြု

EPN
နိုင်ငံတကာ၊ ဇန်နဝါရီ ၁၃

မနှစ်တုန်းက အကြီးအကျယ်ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ ရေဘေးကြုံခဲ့ရတဲ့ ပါကစ္စတန်နိုင်ငံကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့အတွက် အမေရိကန်ဒေါ်လာ ၉ ဘီလီယံကျော် အကူအညီပေးဖို့ နိုင်ငံတကာအသိုက်အဝန်းက ကတိပြုခဲ့ပါတယ်။

ပါကစ္စတန် ပြန်လည်တည်ဆောက်ရေးကြိုးပမ်းမှုတွေကို ဆွေးနွေးဖို့ ညီလာခံတစ်ရပ်ကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ တနင်္လာနေ့တုန်းက ပါကစ္စတန်နဲ့ ကုလသမဂ္ဂတို့က ဦးစီးကျင်းပခဲ့ပြီး ပါကစ္စတန် ဝန်ကြီးချုပ် Shehbaz Sharif က နောက် ၃ နှစ်အတွင်း ထောက်ပံ့မှု အမေရိကန်ဒေါ်လာ ၈ ဘီလီယံ ရရှိဖို့ ကြိုးပမ်းခဲ့ပါတယ်။

နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ နိုင်ငံတွေရဲ့ ဝိုင်းဝန်းထောက်ပံ့မှုတွေကြောင့် သူတို့ရဲ့ ရည်မှန်းချက်ကို ကျော်လွန်ပြီး အမေရိကန်ဒေါ်လာ ၉ ဘီလီယံ ရခဲ့တယ်လို့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

သမ္မတ Sharif က သူ့အနေနဲ့ “အဲဒီလို စာနာထောက်ထားမှုကို ဖန်သားပြင်ပေါ်မှာ မြင်တွေ့လိုက်ရချိန်မှာ လှိုက်လှိုက်လှဲလှဲ ခံစားခဲ့ရတယ်” လို့ လူမှုမီဒီယာမှာ ရေးသားခဲ့ပြီး ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

မနှစ်က ဇွန်လကနေ ဩဂုတ်လအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုတွေကြောင့် အနည်းဆုံး လူ ၁,၇၀၀ သေဆုံးပြီး လူ ၃၃ သန်း ဘေးသင့်ခဲ့ရပြီး ရေဘေးကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ဧရိယာတွေက လူတွေဟာ လက်ရှိအချိန်အထိ တိမ်းရှောင်ရေးနေရာတွေမှာ နေထိုင်နေကြရဆဲ ဖြစ်ပါတယ်။

Source : NHK
May be an image of 4 people and people standing

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။