Trending Now

ရန်ကုန် – မန္တလေး အမြန်လမ်းပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားပြီး ရဟန်းတစ်ပါး ပျံလွန်ခဲ့ပြီး လူ လေးဦး ဒဏ်ရာရရှိ

Spread the love

ရန်ကုန် – မန္တလေး အမြန်လမ်းပေါ်၌ ယာဉ်တိုက်မှုဖြစ်ပွားပြီး ရဟန်းတစ်ပါး ပျံလွန်ခဲ့ပြီး လူ လေးဦး ဒဏ်ရာရရှိ

EPN
ကျောက်တံခါး၊ နိုဝင်ဘာ ၈ (၂၀၂၃)

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်အပိုင် ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၉၇/၂ အနီးတွင် ယမန်နေ့က ယာဉ်တိုက်မှုဖြစ်ပွားပြီး ရဟန်း ၁ ပါး ပျံလွန်တော်မူခဲ့ပြီး လူ ၄ ဦး ဒဏ်ရာရှိခဲ့ ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ ယာဉ်တိုက်မှုသည် နိုဝင်ဘာ ၇ ရက် နံနက် ၁၀ နာရီခန့် က ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ လာသော ရန်ကုန်၊ တာမွေမြို့ နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ လက်ဝဲမင်းဒင်လမ်းရှိ ဓမ္မပါလကျောင်းတိုက်မှ CR-V ခဲရောင်ယာဉ်သည် မိုင်တိုင် အမှတ် ၉၇/၂ အနီး တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေး အကာအရံကို တိုက်မိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်ပေါ်၌ ရဟန်းတော်တစ်ပါး အပါအဝင် ၅ ဦး လိုက်ပါလာပါပြီး ဓမ္မပါလ ကျောင်းတိုက်မှ ဆရာတော် ဦးဝိဇယသိဒ္ဒိ သက်တော် ၄၆ နှစ်ပျံ လွန်တော်မူခဲ့ပြီး သက်လတ်ပိုင်းအရွယ် အမျိုးသား ၃ ဦး နှင့် အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

“ယာဉ်က မောင်းလာရင်းနဲ့ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးက အကာအရံတွေကို တိုက်တာ။ ယာဉ်ပေါ်ပါလာတဲ့ သူတွေထဲက ရဟန်းတစ်ပါးကတော့ ပျံလွန်တော်မူသွားတယ်။” ဟု ၎င်းက ဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ထိခိုက် ဒဏ်ရာရသွားသူများနှင့် ပျံလွန်တော်မူခဲ့သည့် ရဟန်း အား အမြန်လမ်းမီးသတ် တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများက မြို့ချောင်းတိုက်နယ် ဆေးရုံသို့ တင်ပို့ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းကလည်း ပဲခူးမြို့ နယ် အပိုင် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် အမှတ် ၄၀/၁ နားအနီး ယာဉ်တိမ်းမှောက်မှုကြောင့် တစ်ဦးသေဆုံးခဲ့ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

အလင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။