Trending Now

တောင်ကိုရီးယားမှာ အမေရိကန် စစ်ရေးလေ့ကျင့်မှုစတင်ချိန် မြောက်ကိုရီးယားခေါင်းဆောင်က ခရုဇ်ဒုံးကျည်စမ်းသပ်မှုကို ကြီးကြပ်ခဲ့

Spread the love

တောင်ကိုရီးယားမှာ အမေရိကန် စစ်ရေးလေ့ကျင့်မှုစတင်ချိန် မြောက်ကိုရီးယားခေါင်းဆောင်က ခရုဇ်ဒုံးကျည်စမ်းသပ်မှုကို ကြီးကြပ်ခဲ့

EPN
နိုင်ငံတကာ၊ သြဂုတ် ၂၁

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ရေတပ်တပ်ဖွဲ့ကို သွားရောက်ကာ မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်စမ်းသပ်မှုကို ကြီးကြပ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက တနင်္လာနေ့ (သြဂုတ် ၂၁ ရက်) နေ့မှာ ဖော်ပြခဲ့ပါတယ်။

ကင်ဂျုံအန်းက ဂျပန်ပင်လယ်လို့ လူသိများတဲ့ အရှေ့ပင်လယ်မှာရှိတဲ့ ရေတပ်သင်္ဘောတွေကို စစ်ဆေးခဲ့ပြီး မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်တွေ ပစ်လွတ်တဲ့ စစ်ရေးလေ့ကျင့်မှုကို ကြည့်ရှုခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က ဖော်ပြခဲ့ပါတယ်။

လေ့ကျင့်မှုပြုလုပ်ခဲ့တဲ့အချိန်နဲ့ ဘယ်လိုဒုံးကျည်အမျိုးအစားတွေကို ပစ်လွတ်ခဲ့သလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေမယ့် အမှားအယွင်းမရှိ ပစ်မှတ်ကို လျင်မြန်စွာ ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ အဓိက ပူးတွဲစစ်ရေးလေ့ကျင့်မှုဖြစ်တဲ့ Ulchi Freedom စစ်ရေးလေ့ကျင့်မှုကို ဒီနေ့ သြဂုတ်လ ၂၁ ရက်နေ့က စတင်လိုက်ချိန်မှာ မြောက်ကိုရီးယားဘက်က အခုလို ကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။

“တောင်ကိုရီးယားနဲ့ အမေရိကန်နှစ်နိုင်ငံစလုံးက ကြိုတင်တွေ့ရှိထားတဲ့ ဆက်စပ်လက္ခဏာတွေကို အချိန်နဲ့တပြေးညီ စောင့်ကြည့်နေပါတယ်” လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်ရုံးက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နျူကလီးယားလက်နက်ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို တုံပြန်ဖို့ ရည်ရွယ်ထားတဲ့ အဆိုပါစစ်ရေးလေ့ကျင့်မှုကို သြဂုတ်လ ၃၁ ရက်နေ့အထိ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားက အဲဒီလိုစစ်ရေးလေ့ကျင့်မှုတွေကို ကျူးကျော်ရန် အစမ်းလေ့ကျင့်မှုအဖြစ် ရှုမြင်ပြီး ပြင်းပြင်းထန်ထန်တုံ့ပြန်မှုပြုလုပ်သွားမယ်လို့ ထပ်ခါတလဲလဲ သတိပေးထားပေမယ့် ရန်စမှုမှန်သမျှကို တုံ့ပြန်သွားမယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။

ref; CNA

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။