Trending Now

အမေဖြစ်သူကို သမီးအရင်က သုဿာန်မှာ စွန့်ပစ်ခဲ့တဲ့ဖြစ်စဉ် မန္တလေးမှာဖြစ်ပွား

Spread the love

အမေဖြစ်သူကို သမီးအရင်က သုဿာန်မှာ စွန့်ပစ်ခဲ့တဲ့ဖြစ်စဉ် မန္တလေးမှာဖြစ်ပွား

EPN
မြစ်ကြီးနား၊ ဇူလိုင် ၁၀

အမေဖြစ်သူကို သမီးအရင်းက သုဿာန်ကို သွားရောက်စွန့်ပစ်စေခိုင်းတဲ့ ဖြစ်စဉ်တစ်ခု မန္တလေးမြိုမှာ ဒီနေ့ ဇူလိုင်လ ၁၀ ရက်က ဖြစ်ပွားခဲ့တယ်လို အလင်းစေတမန် ပရဟိတအဖွဲ့ထံကနေ သိရပါတယ်။

အေးရိပ်ငြိမ်း သုဿာန်က ဗမာ သင်္ချိုင် နဲ့ တရုတ် သင်္ချိုင်းကြားက ရေအိုးစဉ်အဆောင်ထဲမှာ အလောင်းတစ်လောင်း လာပစ်သွားကြောင်း နွားကျောင်းသားလေးတစ်ယောက်က သတင်းပေးလာတဲ့အတွက် အလင်းစေတမန် ပရဟိတအဖွဲက သွားရောက်ကြည့်ရှုချိန်မှာ အရိုးပေါ်အရေတင် အသက်ရှိနေသေးတဲ့ အမျိုးသမီးတစ်ယောက်ကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

“သူ့သမီးက အိုးဝေကို ၅ သောင်းနဲ့ငှါးပြီး ဒီကိုပစ်ခိုင်းတာလို့သိရတော့ ဘာမှ မပြောတော့ပဲဝမ်းနည်းပက်လက်နဲ့ ငိုရှာတော့တယ်။ ထမင်းမစားရတာ ၁ လကျော်ရှိနေပီတဲ့။ ဒီသုဿာန်နားရောက်မှ စားရတော့တယ်တဲ့ဒီထက် အဆင်ပြေ အေးချမ်းစေမယ် မေတ္တာရိပ် ဘိုးဘွား စောင့်ရှောက်ရေးသို့ ယနေ့ ပို့ဆောင်ပေးခဲ့ပါတယ်။” လို့ အလင်းစေတမန် ပရဟိတအဖွဲ့က ပြောဆိုထားပါတယ်။

စွန့်ပစ်ခံရသူ အမျိုးသမီးက အသက် ၄၀ ဝန်းကျင်ခန့်ရှိပြီး လက်ရှိမှာတော့ ယင်းအမျိုးသမီးကို မေတ္တာရိပ်ဘိုးဘွားစောင့်ရှောက်ရေးအသင်းကို ကူညီပိုဆောင်ပေးခဲ့ပြီးနောက် အမျိုးသမီးက လမ်းမလျှောက်နိုင်တဲ့အတွက် အမေကြီး ဒေါ်ပု မိသားစု က ဝှီးချဲလ်တစ်စီး လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။

ကေကေ
ဓာတ်ပုံ – အလင်းစေတမန် ပရဟိတအဖွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။