Trending Now

ငြိမ်းချမ်းရေးဆွေးနွေးခဲ့သော တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နှင့် ယခုလအတွင်း ဒုတိယအကြိမ် တွေ့ဆုံနိုင်ရန် ကြိုးစားနေဟု န-စ-က ဥက္ကဋ္ဌ ပြောကြား

Spread the love

ငြိမ်းချမ်းရေးဆွေးနွေးခဲ့သော တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့နှင့် ယခုလအတွင်း ဒုတိယအကြိမ် တွေ့ဆုံနိုင်ရန် ကြိုးစားနေဟု န-စ-က ဥက္ကဋ္ဌ ပြောကြား

EPN
မြစ်ကြီးနား၊သြဂုတ် ၁၇

ငြိမ်းချမ်းရေးဆွေးနွေးခဲ့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၀ ဖွဲ့နှင့် ယခုလအတွင်း ဒုတိယအကြိမ် ပြန်လည် တွေ့ဆုံနိုင်ရန် ကြိုးစားနေကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အစည်းအဝေး (၇/၂၀၂၂) သို့ တက်ရောက်အမှာစကား ပြောကြားစဥ် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

“ငြိမ်းချမ်းရေးကို ကျွန်တော်တို့သွားနေတယ်။ နားလည်တဲ့သူတွေကတော့ ငြိမ်းချမ်းရေးအတွက် လာကြတာပေါ့။ နားမလည်တဲ့သူကတော့ ဘေးကနေပြောနေကြတုန်း ရှိပါသေးတယ်။ အခု ၁၀ ဖွဲ့ ကျွန်တော်တို့ဆွေးနွေးပြီးသွားပြီ။ မနေ့တစ်နေ့ကပဲ ကျွန်တော် SSPP အဖွဲ့နဲ့ဆွေးနွေးတယ်။ ကျွန်တော်တို့ အားလုံးအောင်မြင်ပါတယ်။ အခုနကပြောတဲ့ ပါတီစုံဒီမိုကရေစီစနစ်နဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးနဲ့ ဖက်ဒရယ် အာဏာကိုပေးထားတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို ခင်ဗျားတို့ လက်ခံလား မေးတော့၊ အကုန်လက်ခံတယ်ပြောတယ်။ ကျွန်တော်ဒုတိယအကြိမ် ပြန်တွေ့မယ်။ ဒီလထဲမှာ ပြန်တွေ့ဖို့ကြိုးစားနေတယ်။ အဖွဲ့ ၁၀ ဖွဲ့လုံးကို အုပ်စုဖွဲ့ပြီး တစ်ခါဆွေးနွေးမယ်။ စက်တင်ဘာလကျလို့ရှိရင် တစ်ခါသူတို့နဲ့ အားလုံးပြန်တွေ့မယ်။ အဲဒါပြီးရင် လက်မှတ်ထိုးနိုင်ဖို့ကြိုးစားမယ်။ ဒီအတွက်တော့ ဘယ်လောက်ကြာမလဲ ကျွန်တော် မပြောနိုင်သေးဘူး။ အခြေခံသဘောတူညီချက်ရပြီးဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော်တို့ အနေနဲ့မရစရာ အကြောင်းမရှိဘူးလို့ မြင်ပါတယ်” ဟု န-စ-က ဥက္ကဋ္ဌ ကပြောသည်။

ယခုကဲ့သို့ ငြိမ်းချမ်းရေး ဆွေးနွေးမှုနှင့် ပတ်သက်၍ အချို့သော EAO အဖွဲ့များမှ နားလည်မှုမရှိသည်ကို တွေးဆ၍မရကြောင်း၊ပြည်ထောင်စုအပေါ်တွင် တိုင်းရင်းသားအရေး၊ပြည်ထောင်စုအရေးကို တကယ်လိုလားပါက နိုင်ငံရေးရည်မှန်းချက် နှစ်ချက်ပေါ်တွင် အခြေခံလုပ်ပါက မဖြစ်နိုင်စရာအကြောင်းမရှိကြောင်း ယင်းကထည့်သွင်းပြောကြားသည်။

“ကျွန်တော်တို့ကိုယ်တိုင်က လိုလားပါတယ် ပြောထားပြီးပြီပဲ။ ဖြစ်ချင်ပါတယ် ပြောထားပြီးပြီပဲ။ အဲ့ဒီအတွက် လာပြီးဆွေးနွေး။ ကျွန်တော်တို့ပြောမယ်။ အဲ့ဒီကျရင်။ ဒါကတော့ဖြစ်နိုင်ဘူး။ ဒါကတော့ဖြစ်နိုင်တယ်။ ကျွန်တော်ပြောမယ်။ ကျွန်တော်တို့ဖြစ်ချင်တာ ဒါရှိတယ်။ ခင်ဗျားတို့ဖြစ်ချင်တာ ဒါရှိတယ်။ အဲ့ဒီတော့ နှစ်ဘက်ညှိပြီးတော့ ဖြစ်သင့်တွေကို ကျွန်တော်တို့ သဘောတူညီချက်ရအောင်ယူ။ ဒါပဲဗျာ။ အဖြေက” ဟု ယင်းက ထပ်မံပြောသည်။

အဆိုပါ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့သော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များမှာ NCA လက်မှတ်ရေးထိုးထားသော ရှမ်းပြည်နယ်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် ရွက်ဆစ်အဖွဲ့ (RCSS/SSA) ၊တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားအစည်းအရုံး (DKBA) ၊ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU-KNLA/PC) ၊မွန်ပြည်သစ်ပါတီ (NMSP) ၊ရခိုင့်လွတ်မြောက်ရေးပါတီ (ALP) ၊ပအိုဝ့်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ၊လားဟူဒီမိုကရက်တစ်သမဂ္ဂ (LDU) တို့ဖြစ်ပြီး၊ NCA လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့များဖြစ်သော ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ၊မိုင်းလားဒေသအဖွဲ့ (NDAA) ၊ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ဖြစ်ကြောင်း သိရသည်။

ဇက်ကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။