Trending Now

စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲရွာမှာ ဘုန်းကြီး ၁ ပါးနဲ့ လူပုဂ္ဂိုလ် ၃ ဦး ပစ်သတ်ခံရ

Spread the love

စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲရွာမှာ ဘုန်းကြီး ၁ ပါးနဲ့ လူပုဂ္ဂိုလ် ၃ ဦး ပစ်သတ်ခံရ

EPN
စစ်ကိုင်း၊ ဇန္နဝါရီ ၇

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာမှာ၊ ဇန္နဝါရီ ၆ ရက် မနက် ၅ နာရီ ဝန်းကျင်က ဘုန်းကြီး ၁ ပါး နဲ့ လူ ၃ ယောက် ပစ်သတ်ခံရပြီး ရွာထဲက လူနေအိမ် တစ်ရာ နီးပါး မီးရှို့ဖျက်ဆီးခံရတယ်လို့ စစ်ကိုင်းမြို့ခံတွေဆီက သိရပါတယ်။

“ဒီပဲယင်းကွဲကျေးရွာ၊ ရွှေဂူကျောင်းတိုက်မှာ ပစ်သတ်ခံရတဲ့ ဘုန်းကြီးက မန္တလေးမြို့၊ မဟာမင်းဒင် ကျောင်းတိုက်က စာချဆရာတော် အရှင်ဂန္ဓသာရ၊ သက်တော် ၄၀၊ ဝါတော် ၂၀ BA ဗုဒ္ဓ ဖြစ်တယ်၊ အဲ့ဒီ အပြင် လူပုဂ္ဂိုလ် ၃ ယောက်ဖြစ်တဲ့ မခင်စုမွန်၊ ကိုဖိုးတုတ်နဲ့ ကိုမျိုးထွဋ်တို့ ၃ ဦးလည်း ရိုက်နှက် ပစ်သတ်သွားတယ်၊ အကြမ်းဖက်သမားတွေ ဆုတ်ခွာထွက်ပြေးတဲ့အချိန် ရွာထဲက အိမ်တွေ မီးရှို့ဖျက်ဆီးလို့ အိမ်ခြေ ၉၁ လုံး မီးလောင်ပျက်စီးတယ်” လို့ ဒေသခံပရဟိတသမား တစ်ယောက်က ပြောပါတယ်။

အဲ့ဒီ ၄ လောင်းပြိုင် လူသတ်မှုနဲ့ ပတ်သက်ပြီး စစ်ကိုင်းမြို့နယ် ရဲတပ်ဖွဲ့က ဘယ်အဖွဲ့စည်းက လုပ်တယ်ဆိုတာ အမှုဖွင့် စုံစမ်းစစ်ဆေးသွားမယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ ပြီးခဲ့တဲ့ ၂၀၂၂ က ဘုန်းကြီးကျောင်း ၃၀ ကျော်၊ မီးရှို့ဖျက်ဆီးခံရပြီး ဘုန်းကြီး ၄၀ နီးပါး သတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။