Trending Now

ပန်ကာအပူ လွန်ကဲရာမှ Level 1 အဆင့်မီးလောင်မှုဖြစ်ပွားကာ နေအိမ် ၁၀လုံး ပျက်စီးဆုံးရှုံး

Spread the love

ပန်ကာအပူ လွန်ကဲရာမှ Level 1 အဆင့်မီးလောင်မှုဖြစ်ပွားကာ နေအိမ် ၁၀လုံး ပျက်စီးဆုံးရှုံး


EPN
မန္တလေး၊ ဧပြီ ၁၀ (၂၀၂၄)

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ယမန်နေ့ (ဧပြီ ၉ ရက်)၊ နေ့လည်ပိုင်းက Level 1 အဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများထံမှ သိရသည်။

ယမန်နေ့၊ နေ့လည် ၁ နာရီ ၅၅ မိနစ်ခန့်က ပြည်ကြီးတံခွန်မြို့နယ်၊ ငွေတော်ကျီကုန်းရပ်ကွက်၊ ၁၂၀ လမ်းနှင့် ၆၈ လမ်းထောင့်ရှိ နေအိမ်တစ်လုံးတွင် ပန်ကာအပူ လွန်ကဲရာမှ ရှော့ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ယင်းကဲ့သို့ ငြှိမ်းသတ်ခဲ့သော်လည်း မီးလောင်အားများသဖြင့် နေ့လည် ၁ နာရီ ၅၈ မိနစ်၌ Level 1 အဆင့်ဖြင့် ထပ်မံငြှိမ်းသတ်ခဲ့မှုကြောင့် မွန်းလွဲ ၂ နာရီ ၁၃ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး၊ မွန်းလွဲ ၂ နာရီ ၁၉ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် နေအိမ် ၁၀ လုံးပျက်စီးဆုံးရှုံးခဲ့ကာ လူဦးရေ (၁၁၅)ဦး မီးဘေးသင့်ခဲ့သဖြင့် ၎င်းတို့အား တာဝန်ရှိသူများက လိုအပ်သည်များကို ကူညီထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

ကျော်စိုးသူ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။