Trending Now

ဟောင်ကောင်နာမည်ကြီး မော်ဒယ်လ် တစ်ဦးရဲ့ ဦးခေါင်းခွံကို ဟင်းချက်အိုးတွေနဲ့အတူ တွေ့ရှိပြီးနောက် ခင်ပွန်းဟောင်း မိသားစုကို လူသတ်မှုနဲ့ စွဲချက်တင်

Spread the love

ဟောင်ကောင်နာမည်ကြီး မော်ဒယ်လ် တစ်ဦးရဲ့ ဦးခေါင်းခွံကို ဟင်းချက်အိုးတွေနဲ့အတူ တွေ့ရှိပြီးနောက် ခင်ပွန်းဟောင်း မိသားစုကို လူသတ်မှုနဲ့ စွဲချက်တင်

EPN
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၇

ဟောင်ကောင်နာမည်ကြီး မော်ဒယ်လ် အက်ဘေးချိုရဲ့ ဦးခေါင်းခွံကို ဟင်းချက်အိုးတွေနဲ့အတူ တွေ့ရှိပြီးနောက် ခင်ပွန်းဟောင်း၊ ယောက်က္ခမ နဲ့ ခယ်အိုဖြစ်သူတို့ကို လူသတ်မှုနဲ့ ရဲတပ်ဖွဲ့က စွဲချက်တင်လိုက်ပါတယ်။

သူမရဲ့ ဦးခေါင်းပိုင်းလို့ ယူဆရတဲ့ ဦးခေါင်းခွံကိုတော့ တရုတ်နိုင်ငံ နယ်စပ်အနီးက ရွာတစ်ရွာမှာ တနင်္ဂနွေနေ့က ရှာဖွေတွေ့ရှိခဲ့ပြီး ဦးခေါင်းခွံနဲ့အတူ နံအရိုး၊ဆံပင်နဲ့ အသားစိုင်အချို့ကို လည်းတွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အသက် ၂၈ နှစ်အရွယ် မော်ဒယ်ဟာ ဗုဒ္ဓဟူးနေ့ စတင်ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး သောကြာနေ့ မွန်းလွဲပိုင်းမှာ တိုင်ပိုရွာမှာရှိတဲ့ နေအိမ်တစ်လုံးအတွင်းကနေ အသားလီးစက်တစ်ခုနဲ့ အတူ သူမရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စတင် တွေ့ရှိခဲ့တာလို့ ရဲတပ်ဖွဲက ပြောပါတယ်။

သူမရဲ့ ကျန်ရှိနေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ကို ရဲတွေက ဆက်လက်ရှာဖွေနေပြီး ရေလမ်းကနေ ထွက်ပြေးဖို့ ပြင်ဆင်နေတဲ့ ခင်ပွန်းဟောင်းနဲ့အတူ ခင်ပွန်းဟောင်း မိသားစုဝင်တွေကို ဒီနေ့ ရုံးတင်စစ်ဆေးသွားမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သူမဟာ ခင်ပွန်းဟောင်းရဲ့ မိသားစုဝင်တွေနဲ့ ဟောင်ကောင်ဒေါ်လာ သန်းပေါင်းများစွာတန်တဲ့ငွေကြေးအငြင်းပွားမှုတွေရှိခဲ့ပြီး သူမရဲ့ ဘဏ္ဍာရေးဆိုင်ရာပိုင်ဆိုင်ရာ ကိုင်တွယ်မှုကို လူအချို့က မကြေမနပ်ဖြစ်နေကြတယ်လို့ ရဲအရာရှိတစ်ဦးက အစောပိုင်းမှာ ပြောဆိုထားပါတယ်။

ref; Hong Kong model’s in-laws charged after body parts found

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။