Trending Now

အမေရိကန်ရဲတပ်ဖွဲ့ကို လေ့ကျင့်မှုတွေ တိုးမြှင့်လုပ်ဆောင်ပေးမယ်လို့ ဒေါ်နယ်ထရမ့် ပြော

Spread the love

အမေရိကန်ရဲတပ်ဖွဲ့ကို လေ့ကျင့်မှုတွေ တိုးမြှင့်လုပ်ဆောင်ပေးမယ်လို့ ဒေါ်နယ်ထရမ့် ပြော

EPN
နိုင်ငံတကာ၊ ဇွန် ၁၂

ရဲတပ်ဖွဲ့သို့ ရန်ပုံငွေများဆက်လက်ပံ့ပိုးမှု ရပ်တန့်စေလိုသည့် တက်ကြွလှုပ်ရှားသူများ၏ တောင်းဆိုမှု များကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပယ်ချခဲ့ပြီး ရဲအရာရှိများကို မည်ကဲ့သို့ လေ့ကျင့်ပေးမည်ဆိုသော ပြုပြင်ပြောင်းလဲမှုကို တွန်းအားပေးလုပ်ဆောင်မည်ဟု ပြောကြားလိုက်သည်။

ယမန်နေ့က တက္ကဆတ်ပြည်နယ်တွင် အခမ်းအနားတစ်ခု၌ မိန့်ခွန်းပြောကြားရာတွင် ရဲတပ်ဖွဲ့သို့ ရန်ပုံ ငွေပံ့ပိုးမှုလျော့ချရန်၊ ရဲတပ်ဖွဲ့ကိုဖျက်သိမ်းရန် ပြောကြားမှုများကို ဒေါ်နယ်ထရမ့်က ဝေဖန်ရှုတ်ချခဲ့သည်။

ဂျော့ဖလွိုက် သေဆုံးမှုနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံတစ်ဝန်း ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားနေစဉ် ထရမ့်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ လက်နက်မဲ့ လူမည်းအမျိုးသား ဂျော့ဖလွိုက်မှာ ရဲတပ်ဖွဲ့၏ အချုပ်ခန်း အတွင်း သေဆုံးခဲ့သည်။

ဆန္ဒဖော်ထုတ်သူများက ရဲတပ်ဖွဲ့၏ဘတ်ဂျက် သိသိသာသာလျော့ချရန် တောင်းဆိုနေကြသည်။ ယမန် နေ့က နယူးယောက်မြို့နှင့် အခြားမြို့ကြီးများတွင် ဆန္ဒပြသူများက လမ်းမများပေါ်ထွက်ခဲ့သော်လည်း အကြမ်း ဖက်ဖြစ်ရပ်များ သို့မဟုတ် လုယက်မှုများ ဖြစ်ပွားခဲ့ခြင်းမရှိပေ။

ဝါရှင်တန်မြို့တော်တွင် အိမ်ဖြူတော်အနီး ဆန္ဒပြသူများကို ကာထားရန်တည်ဆောက်ထားသည့် သုံးမီ တာအမြင့်ရှိ တံတိုင်းတစ်ခုကို ဖယ်ရှားလိုက်ပြီဖြစ်သည်။

အာဏာပိုင်များက လမ်းကြောင်းရှင်းရန် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေသော ဆန္ဒပြသူများကို လူစုခွဲပြီး နောက် အိမ်ဖြူတော်အနီးရှိ ဘုရားရှစ်ခိုးကျောင်းတစ်ခုသို့ သမ္မတက လမ်းလျောက်သွားရာတွင် အတူလိုက်ပါခဲ့မှု အတွက် ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီးတစ်ဦးက တောင်းပန်လိုက်သည်။

“ဒီလိုပါဝင်ခဲ့မှုက ပြည်တွင်းနိုင်ငံရေးမှာ တပ်မတော်က ပါဝင်ခဲ့တယ်ဆိုတဲ့ ယူဆချက်ကိုဖြစ်စေပါတယ်၊ ဒါဟာ အမှားအယွင်းတစ်ခု ဖြစ်ခဲ့ပါတယ်” ဟု ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဌ ဗိုလ်ချုပ်ကြီး မတ်ခ်မီလေးက ပြော သည်။

ယခုဖြစ်ရပ်မှာ ဒေါ်နယ်ထရမ့်အစိုးရနှင့် ကာကွယ်ရေးဝန်ကြီးဌာနကြား ဆန္ဒပြသူများကို ကိုင်တွယ်ဖြေ ရှင်းမှုနှင့်ပတ်သက်၍ လူသိထင်ရှား သဘောထားကွဲလွဲမှုတစ်ခု ဖြစ်လာခဲ့သည်။

–ကိုးကား–
အန်အိတ်ချ်ကေ
Ref; Trump vows to step up police training


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။